မန္တလေးတပ်ပေါင်းစုစစ်ကြောင်းအတွင်း စစ်ကောင်စီအဖွဲ့က ပြည်သူဟန်ဆောင်ပြီး ဝင်ဖမ်း၍ လူနှင့်ဆိုင်ကယ် အများအပြား ဖမ်းဆီးခံရ

မန္တလေးတပ်ပေါင်းစုစစ်ကြောင်းအတွင်း စစ်ကောင်စီအဖွဲ့က ပြည်သူဟန်ဆောင်ပြီး ဝင်ဖမ်း၍ လူနှင့်ဆိုင်ကယ် အများအပြား ဖမ်းဆီးခံရ
မေ 12, 2021

မန္တလေး၊ ပြည်ကြီးတံခွန်တွင် ယနေ့ မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက သပိတ်စစ်ကြောင်းအများအပြား ပါဝင်သည့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ပြည်သူဟန်ဆောင်ပြီး သပိတ်အတွင်းဝင်ပြီး အသွင်ယူကာ ဆန္ဒပြပြည်သူများကို ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးမှုများ လုပ်ဆောင်၍ ဆရာမများ အများအပြား ဖမ်းဆီးခံရပြီး ဆိုင်ကယ်များလည်း အများအပြား သိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။ 

ဖမ်းခံရတဲ့သူ အတော်များတယ်။ များလို့ အတည်မပြုနိုင်သေးတဲ့အတွက် လိုက်မေးနေရဆဲပဲ။ ဆိုင်ကယ်တွေလည်း အတော်များတယ် ပါသွားတာ။ ညှပ်ဖမ်းလို့ ပိတ်မိသူတွေများတယ်

ဟု ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက တာချီလိတ်သတင်အေဂျင်စီသို့ ပြောသည်။

ဆန္ဒပြပြည်သူများအကြား အာဏာသိမ်းစစ်ကောင်စီ၏ ခိုင်းဖက်များဖြစ်သည့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က အရှေ့ နှင့် အနောက် ညှပ်၍ ဖြိုခွင်းခြင်းဖြစ်သလို အရပ်ဝတ်များဖြင့် သေနတ်များ ကိုင်ဆောင်ထားကာ သေနတ်ဒင်များဖြင့်ပါ ရိုက်နှက်ဖမ်းစီးမှုများလုပ်ဆောင်ပြီး ဆန္ဒပြရာ ရပ်ကွက်အတွင်း အထိုင်ချထားကြောင်းလည်း သိရသည်။

#TachileikNewsAgency