ထိုင်းနယ်စပ်တွင် စစ်ဘေးရှောင်နေသည့် ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်လွှတ်နေ

ထိုင်းနယ်စပ်တွင် စစ်ဘေးရှောင်နေသည့် ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက နေရပ်ပြန်လွှတ်နေ
မေ 9, 2021

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်တွင် ခိုလှုံနေသည့် ကရင်ဒုက္ခသည်များကို ထိုင်းတာဝန်ရှိသူများက နေရပ်ပြန်စေသဖြင့် ၂၀၂၁ ခုနှစ်  မေလ (၉) ရက်နေ့တွင် နယ်စပ်သံလွင်မြစ်ကိုဖြတ်၍ စစ်ဘေးရှောင်များ ပြန်လာနေကြသည်။

ကရင်ပြည်နယ်ဘက်တွင် နယ်မြေလုံခြုံရေး စိတ်ချရသည့် အခြေအနေမရောက်သေးသော်လည်း စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ထိုင်းအာဏာပိုင်များက ပြောလာသဖြင့် စစ်ဘေးရှောင်များသည် မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ရှိ အီလူးထာစစ်ဘေးရှောင်စခန်းဘက်သို့ ပြန်ဝင်လာနေရကြောင်းသိရသည်။

 

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က မတ်လ ၂၇  ရက်နေ့မှစ၍ KNU နယ်မြေများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်နေ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: The Reporters