အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင်များ ထိုင်းဘက် ထွက်ပြေးနေရ

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်မှ စစ်ဘေးရှောင်များ ထိုင်းဘက် ထွက်ပြေးနေရ
မေ 1, 2021

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ပိုမိုဆိုးရွားလာသဖြင့် နယ်စပ်တလျှောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်ပြည်သူများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ယာယီခိုလှုံခွင့်ပေးနေရာ ၂၀၂၁ ခုနှစ် ဧပြီလ (၃၀) ရက်နေ့အထိ စစ်ဘေးရှောင် (၂၀၀၀) ကျော်ရောက်ရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က မတ်လ (၂၇)ရက်နေ့ကတည်းက ကရင်ပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင် စစ်ဘေးရှောင်များ ခိုလှုံနေရခြင်းဖြစ်ပြီး ဧပြီလ (၂၇) ရက်နေ့မှ ယနေ့အထိ အာဏာသိမ်းစစ်တပ်က နယ်စပ် သံလွင်မြစ်တလျှောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလုပ်လာသဖြင့် ကရင်ပြည်နယ်ဘက်မှ စစ်ဘေးရှောင်များအပြင် သံလွင်မြစ်ကမ်းဘေးမှ ထိုင်းနိုင်ငံသားများလည်း ရွှေ့ပြောင်းနေကြရခြင်းဖြစ်သည်။.

လက်ရှိတွင် ကရင်ပြည်နယ်ဘက်မှ စစ်ဘေးရှောင်လာသူ (၂၂၆၇) ဦးကို ထိုင်းနိုင်ငံဘက်ခြမ်းရှိ မယ့်စရမ်းတွင် ယာယီလက်ခံထားကာ လေကြောင်းတိုက်ခိုက်မှုမှ ဘေးလွတ်ရာနေရာသို့ ရွှေ့ပြောင်းပေးရန် ဒေသတာဝန်ရှိသူများနှင့် လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းစီစဉ်နိုင်ရန်ကြိုးပမ်းနေကြသော်လည်း လှူဒါန်းမှုများကို လက်ခံနိုင်ခြင်းမရှိသေးကြောင်း သိရသည်။



Photo: WO