အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ခန္ဓာကိုယ်ပေါ်က နွေဦးတော်လှန်ရေး Tattoo ကို မီးရှို့ဖျက်ဆီးကာ နှိပ်စက်

အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ခန္ဓာကိုယ်ပေါ်က နွေဦးတော်လှန်ရေး Tattoo ကို မီးရှို့ဖျက်ဆီးကာ နှိပ်စက်
ဧပြီ 5, 2021

မန္တလေးမြို့ မနော်ဟရီတောင်ဘက် လမ်းသွယ်(၂)တွင် ၂၀၂၁ခုနှစ် ဧပြီလ(၄)ရက်နေ့ ညပိုင်းက စစ်အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက် စစ်တပ်နှင့်ရဲတို့က အမှောင်ထဲတွင် စောင့်ဆိုင်းပြီး  လမ်းပေါ်ထွက်လာသူများကို စောင့်ဆိုင်းဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ပြီး ခန္ဓာကိုယ်ပေါ်တွင် နွေဦးတော်လှန်ရေး နှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ Tattoo ထိုးထားသည်ကို တွေ့ရှိရ၍ မီးရှို့ဖျက်ဆီးကာ နှိပ်စက်သည်။

 ဧပြီလ(၄)ရက်နေ့ ညပိုင်းက   မှောင်ရိပ်ခိုပြီး စောင့်ကြည့်နေသည့် အကြမ်းဖက် စစ်တပ်နှင့်ရဲတို့သည် လမ်းပေါ်တွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး စစ်ဆေးမှုများ လုပ်ဆောင်ကာ လက်တွင် နွေဦးတော်လှန်ရေး ဒေါ်အောင်ဆန်းစုကြည် ပုံကို Tattoo ထိုးထားသည်ကို တွေ့၍  လက်ကိုဝိုင်းချုပ်ထားကာ မီးဖြင့် ရှို့ပြီး Tattoo အား ဖျက်ဆီးကြောင်း သိရသည်။

Tattoo ကို မီးဖြင့် ရှို့သည့်အပြင် သေနတ်ဒင်များဖြင့်ပါ ဦးခေါင်းကို ထုကာရိုက်နှက်မှုများ လုပ်ဆောင်ပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။