ပုသိမ်ကြီးရဲစခန်းက ရဲအုပ်တစ်ဦး CDM ပါဝင်လာ

ပုသိမ်ကြီးရဲစခန်းက ရဲအုပ်တစ်ဦး CDM ပါဝင်လာ
မတ် 9, 2021

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်က မှုခင်းမှတ်တမ်းတာဝန်ခံဖြစ်သူ ရဲအုပ်စန်းကိုကို ယနေ့ မတ်လ(၉)ရက်နေ့တွင် CDM ပါဝင် လုပ်ဆောင်လာကြောင်း သိရသည်။

စစ်အာဏာရှင်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသလို လူငယ်များ၏ အနာဂတ်ရှင်သန်နိုင်ရေးမျှော်မှန်းကာ CDM ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးမြို့တွင် CDM ပြုလုပ်သည့် ရဲဝန်ထမ်းများပြားပြီး စခန်းတစ်ခုလုံးနီးပါး CDMလုပ်သည့် ရဲစခန်းများလည်း ရှိသည်။

Tachileik News Agency