စစ်အာဏာရှင်စနစ်ကို လက်မခံသည့်ပြည်သူလူထုက ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် တရုတ်နိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှုအား ကူညီမှုမပြုရန် ဆန္ဒထုတ်ဖေါ်

ဖေဖော်ဝါရီ 11, 2021
By Tachileik News Agency

စစ်တပ်က အာဏာသိမ်းထားသည့် (၁၁) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် တရုတ်နိုင်ငံအနေဖြင့် စစ်အာဏာသိမ်းမှုအား ကူညီမှုမပြုရန် ဆန္ဒထုတ်ဖေါ်နေကြသည်။

စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ ကုလမသဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များဖြင့် ချက်ချင်း တုန့်ပြန်လိုက်သော်လည်း တရုတ်နိုင်ငံကမူ အားပေးကူညီသည်ဆိုသည်ကိုသာ ငြင်းဆိုထားပြီး ကန့်ကွက်ထားခြင်းမရှိသည့်နိုင်ငံဖြစ်သည်။

ယင်းအပြင် စစ်အာဏာသိမ်းပြီးနောက် တရုတ်နိုင်ငံ ကူမင်းမှ ကုန်တင်လေယာဉ်များအပြင် တရုတ်နည်းပညာရှင်အဖွဲ့လည်း ရောက်ရှိလာသည်ဟု သတင်းများထွက်လာသော်လည်း တရုတ်ကုန်သည်ကြီးများအသင်းက ယင်းမှာ ရေထွက်ကုန်များ မြန်မာသို့ တင်ပို့ခြင်းဖြစ်သည်ဟု ဆိုထားသည်။

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူလူထုက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် “မြန်မာကို ကူညီပါ စစ်အာဏာရှင်ကို မကူညီပါနဲ့” ၊ “စစ်အာဏာသိမ်းမှုကို ကူညီနေခြင်းရပ်” “ပြည်သူတွေရဲ့ ဆန္ဒမဲကို လေးစားပါ”စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။