ကျောက်မဲတွင် COVID 19 ကာကွယ်ရေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင် (၄) ဆိုင်ကို ဆိုင်ထိုင်ရောင်းချရန် စတင်ခွင့်ပြု

ကျောက်မဲတွင် COVID 19 ကာကွယ်ရေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင် (၄) ဆိုင်ကို ဆိုင်ထိုင်ရောင်းချရန် စတင်ခွင့်ပြု
ဒီဇင်ဘာ 22, 2020
By Tachileik News Agency
ကျောက်မဲတွင် COVID 19 ကာကွယ်ရေးစံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင် (၄) ဆိုင်ကို ဆိုင်ထိုင်ရောင်းချရန် စတင်ခွင့်ပြု
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် ကိုက်ညီသည့် စားသောက်ဆိုင် (၄) ဆိုင်ကို၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့မှစ၍ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပေးထားပြီဖြစ်ကြောင်း သိရသည်။

 “ဆိုင်ထိုင်စားစနစ်နဲ့ဖွင့်နိုင်ဖို့ တစ်မြို့လုံးမှာတင်ပြလာတာက စုစုပေါင်း (၃၄) ဆိုင်ရှိတယ်။ အဲဒီထဲမှာမှ Version 2.0 နဲ့ကိုက်ညီပြီး ညွှန်ကြားချက်နဲ့အညီ (A) အဆင့် သတ်မှတ်ထားတဲ့ဆိုင်က လောလောဆယ် (၄) ဆိုင်ပဲရှိတယ်။ အဲဒီဆိုင် (၄) ဆိုင်ကတော့ ဒီဇင်ဘာ (၂၃) ရက်ကနေစပြီး ဖွင့်ခွင့်ရပြီ။ ကျန်တဲ့ဆိုင်တွေ အတွက်လည်း မြို့နယ်အစီအစဉ်နဲ့ ဖွင့်ခွင့်ရသွားအောင် လုပ်ဆောင်ပေးသွားဖို့ရှိပါတယ်” 

ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် စံသတ်မှတ်ချက်များနှင့်ကိုက်ညီ၍ အဆင့် A ရထားသည့်ဆိုင်များကို ဖွင့်ခွင့်ပြုထားခြင်းဖြစ်ပြီး ကျန်ဆိုင်များလည်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည်နှင့် ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်း COVID 19 ဒေသတွင်း ကူးစက်မှုများတိုးလာချိန်မှစ၍ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ခွင့်ပြုထားခဲ့ရာမှ COVID 19 ကာကွယ်သည့် နည်းလမ်းများဖြင့် ဆိုင်ထိုင်စနစ် ပြန်လည်ရောင်းချနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စံသတ်မှတ်ချက်များ ဗားရှင်း 2.0 ကို ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။
အဆိုပါ စံသတ်မှတ်ချက်များအရ ဆိုင်အဝင်ဝ၌ ကိုယ်ပူချိန်တိုင်းတာ၍ မှတ်တမ်းတင်ထားခြင်း၊ ဆိုင်အတွင်း စားပွဲဝိုင်းတစ်ခုနှင့်တစ်ခု အနည်းဆုံး (၆) ပေ အကွာ၌ ခင်းကျင်းကာ စားပွဲတစ်ခုနှင့် တစ်ခုအကြားတွင် အကာအရံထားရှိခြင်း၊ ဆိုင်ဝန်ထမ်းများ နှာခေါင်းစည်း / Mask နှင့် လက်အိတ် ဝတ်ဆင် တပ်ဆင်စေခြင်း၊ ငွေသိမ်းကောင်တာကို အကာအရံနှင့် သီးသန့်ထားရှိကာ ငွေစက္ကူများအား ပိုးသတ်ပြီးမှ သိမ်းဆည်းစေခြင်းတို့ အပါအဝင် ဆိုင်ရှင်/ ဆိုင်ဝန်ထမ်းများ လိုက်နာရမည့်စည်းကမ်းများ၊ လာရောက် စားသုံးသူများ လိုက်နာရမည့် သတ်မှတ်ချက်များကို အသေးစိတ်ထုတ်ပြန်ပေးထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~