realme ၏ အနာဂတ် Hero သစ်နှင့် ဒီဇိုင်နာလာဘ်ကောင်ရုပ်အဖြစ် realmeow ပေါ်ထွက်လာခဲ့ပြီ

realme ၏ အနာဂတ် Hero သစ်နှင့် ဒီဇိုင်နာလာဘ်ကောင်ရုပ်အဖြစ် realmeow ပေါ်ထွက်လာခဲ့ပြီ
ဒီဇင်ဘာ 17, 2020
By Tachileik News Agency
{ကြော်ငြာ}
realme ၏ အနာဂတ် Hero သစ်နှင့် ဒီဇိုင်နာလာဘ်ကောင်ရုပ်အဖြစ် realmeow ပေါ်ထွက်လာခဲ့ပြီ
 realme C12၊ realme C15 နှင့် realme 7 စမတ်ဖုန်းတို့ကို နှစ်ကုန် အထူးပရိုမိုးရှင်းများဖြင့်ရောင်းချပေးလျက်ရှိ
ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် realme က ၎င်းဒီဇိုင်နာလာဘ်ကောင်ရုပ်ဖြစ်သော relameow ကို ခေတ်ရှေ့ပြေးနည်းပညာဒီဇိုင်းများဖန်တီးသူအရာရှိချုပ်အဖြစ် Generation Z လူငယ်များ၏ မတူညီသည့်ကိုယ်သွေးများကိုပြသရန်နှင့် ခေတ်ရှေ့ပြေးနည်းပညာယဉ်ကျေးမှုကို ဖန်တီးလုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မိတ်ဆတ်ကြေညာပေးသွားခဲ့သည်။ 
နည်းပညာကုမ္ပဏီ realme က မိတ်ဆက်ကြေညာပေးလိုက်သည့် ပထမဆုံးဒီဇိုင်နာအရုပ်တစ်ခုဆိုသည့်အတိုင်း realmeow မှာ အဆင့်မြင့်နည်းပညာနှင့် ခေတ်ရှေ့ပြေးဒီဇိုင်းတို့ကို ပေါင်းစပ်ပေးထားခြင်းဖြစ်သည်။
ခေတ်ရှေ့ပြေးဂြိုလ်ကမ္ဘာကရောက်ရှိလာခြင်းနှင့်အတူ realmeow မှာ ရဲရင့်ပြီး ပေါ့ပါးသည့် street-style ဒီဇိုင်းမျိုးဖြစ်ပြီး “Dare to Leap” စိတ်ဓာတ်မျိုးကို ကိုယ်စားပြုထားခြင်းဖြစ်သည်။ 
၎င်းမှာ အမှီအခိုကင်းခြင်း၊ ရှာဖွေဖော်ထုတ်ဖြေရှင်းနိုင်ခြင်း၊ ကြောက်ရွံမှုကင်းခြင်းနှင့် ပေါ့ပါးလျင်မြန်ခြင်းဝိသေသများပါဝင်နေခြင်းဖြစ်ကာ ၎င်း၏ဒီဇိုင်းကို ကြောင်တစ်ကောင်ကိုအခြေခံကာ ဖန်တီးရယူထားခြင်းဖြစ်သည်။ 
realme ၏ဒီဇိုင်နာအရုပ်ကို ကမ္ဘာကျော် animator ပညာရှင် Mark A. Walsh နှင့် realme တို့က ပေါင်းစပ်ဖန်တီးထားခြင်းဖြစ်သည်။ 
Mr. Walsh မှာ Pixar’s Finding Nemo and Character Developer of Pixar’s Monsters, Inc ၏ ဦးဆောင်ဖန်တီးသူ animator တစ်ဦးဖြစ်သည်။ 
၎င်းက “ ဇာတ်ကောင်တွေဟာ ဆန္ဒပြင်းပြမှုနဲ့စတင်ကြတာပါ။ သူတို့ရဲ့ဆန္ဒပြင်းပြမှုကို ရှာဖွေဖော်ထုတ်တယ်၊ အဲ့ဒီဆန္ဒပြင်းပြမှုကိုရယူနိုင်ဖို့ကျော်ဖြတ်ရမယ့် အဟန့်အတားတွေရှိမယ်၊ ဒါတွေဟာ ကြီးမားတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ကွဲပြားတဲ့ဇာတ်ကောင်တစ်ခုကိုဖြစ်ပေါ်စေတာပါ” ဟု ၎င်း၏ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ 
ထို့အတွက်ကြောင့် ၎င်းမှာ realme Design Studio ကို ဖန်တီးမှုဆိုင်ရာအကြံပေးအဖြစ် အမှီအခိုကင်းပြီး ကြောက်ရွံမှုကင်းသည့် ခေတ်ရှေ့ပြေးဇာတ်ကောင်း realmeow ကိုဖန်တီးရန် လက်တွဲပူးပေါင်းခဲ့ခြင်းဖြစ်သည်။
realme: Dare to be Trendsetting, Dare to Create
နည်းပညာဦးဆောင်သူအဖြစ် realme မှာ နည်းပညာနယ်ပယ်ထဲသို့ နောက်ဆုံးပေါ်နည်းပညာများ ယူဆောင်ပေးသွားရန်ခံယူထားပြီး အဆင့်မြင့်နည်းပညာနှင့်ခေတ်ရှေ့ပြေးယဉ်ကျေးမှုတို့ကိုပေါင်းစပ်ကာ ဖန်တီးပေးသွားနိုင်စေရန်ဖြစ်သည်။ 
realmeow ကို ပူးပေါင်းဖန်တီးရာတွင် Mark နှင့် realme တိုနှစ်ဖက်စလုံးယုံကြည်ထားသည်မှာ လူငယ်များတန်ဖိုးထားနှစ်သက်စေမည့် ယဉ်ကျေးမှုကို realme-ow ကချပြ ပေးသွားနိုင်စေရန်ဖြစ်သည်။
ထို့အတွက်ကြောင့်ပင် နှစ်ဖက်စလုံးက လူငယ်ဆန်သောယဉ်ကျေးမှု stree-culture ကိုအခြေခံကာ စိတ်ကူးစိတ်သန်းများကို ရယူခဲ့ခြင်းဖြစ်ပြီး ပိုမိုလှပပေါ်လွင်မှုရှိစေရန်အတွက် ဆေးခြယ်ခြင်းနှင့် ပန်းပုထုဆစ်ခြင်းတို့မှ ပေါင်းစပ်မှုတချို့ကို ရယူဖန်တီးထားခြင်းဖြစ်သည်။
ခန္ဓာကိုယ်တစ်ခုလုံးကိုပင်မအရောင်ကို အဝါရောင်အဖြစ်ထားရှိပေးထားပြီး ဒီဇိုင်နာအရုပ်မှာ အနက်ရောင်လေဆာ မျက်မှန်ကို အမြဲတမ်းဝတ်ဆင်ထားရှိသည်။ 
အဆိုပါမျက်မှန်မှာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သည့်အရာဝတ္ထုကိုမဆို ပြောင်းလဲပစ်နိုင်စွမ်းရှိပြီး စူးရှသည့်အသွင်းနှင့် စွမ်းအင်ဖြင့်ပေါက်ကွဲမှုဖြစ်စေနိုင်မည်ဖြစ်သည်။ 
realme ကယုံကြည်ထားသည်မှာ ဒီဇိုင်နာအရုပ် လူအများနှင့် ပိုမိုကျွမ်းဝင်သိရှိစေပြီး ခေတ်ရှေ့ပြေးယဉ်ကျေးမှုကိုချစ်မြတ်နိုးတတ်စေမည့် အကောင်းဆုံးအသွင်းတစ်ခုအဖြစ်ရှိနေစေမည်ဖြစ်သည်။ 
ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းရှိသည့် “Dare-to-Leap” ယုံကြည်ချက်နှင့် ခေတ်ရှေ့ပြေးယဉ်ကျေးမှုတို့ဖြည့်သွင်းထားသည့် realmeow မှာ realme ပရိသတ်များအကြားတွင် ယဉ်ကျေးမှုဆိုင်ရာပြယုဂ်တစ်ခုဖြစ်လာစေမည်ဖြစ်သည်။ 
လူငယ်များအကြားတွင် ပိုမိုလူကြိုက်များစေရန်အတွက် Mark နှင့် realme တို့မှာ realmeow ကို ကြောင်တစ်ကောင်၏ပုံစံအသွင်အဖြစ်ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး ခေတ်ရှေ့ပြေးဂြိုလ်တစ်ခုမှ ထူးဆန်းသတ္တဝါတစ်ကောင်အဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ 
Pop ယဉ်ကျေးမှုကို ပုံဖော်သွားစေဦးမည်ဖြစ်သည်။ 
realmeow: Dare to be realme, Dare to the Trendsetting Partner of Gen-Z
သင်ဘယ်သူပဲဖြစ်နေပါစေ၊ သင့်အသက်အရွယ်ဘယ်လောက်ပဲရှိနေပါစေ၊ သင်ဘယ်နေရာမှာပဲနေထိုင်သည်ဖြစ်နေပါစေ အဓိကကျမည်မဟုတ်ဘဲ ဘဝကိုခုံမင်နှစ်သက်သူတိုင်းမှာ သင့်၏ကိုယ်တွင်းကမ္ဘာထဲမှာ သင့်အတွက်သာလျှင် ခေတ်ရှေ့ပြေးအဖော်မွန်တစ်ယောက် အမြဲတမ်းရှိနေစေမည်ဖြစ်သည်။
 realmeow မှာ realme ပရိသတ်တွေအားလုံးအတွက်ခေတ်ရှေ့ပြေးအဖော်မွန်တစ်ယောက်အဖြစ်ရှိနေစေမည်ဖြစ်ပြီး ကျွန်ုတို့ ရင်ဆိုကျော်လွှားချင်သည့်ကမ္ဘာအကြောင်း၊ စစ်မှန်သည့် realme ဖြစ်ချင်သည့်အကြောင်းနှင့် ကျွန်တော်တို့ဟာ ခေတ်ရှေ့ပြေးမျိုးဆက်တွေဖြစ်သည့်အကြောင်းများကို ပြောပြပေးသွားမည်ဖြစ်သည်။ 
realmeow မှာ realme ပရိသတ်တွေအားလုံးနှင့်အတူ ကြီးထွားလာစေမည်ဖြစ်ပြီး မိမိစံနှုန်းသတ်မှတ်ချက်များထက်ကျော်လွန်ကာ လျှောက်လှမ်းစေရန်နှင့် ဖြစ်နိုင်ချေများစွာကို ပိုမိုဖန်တီးသွားစေရန် တိုက်တွန်းသွားစေမည်ဖြစ်သည်။ 
ဒီဇိုင်နာဇာတ်ကောင်ရုပ်တစ်ခုအဖြစ် realmeow မှာ သင်၏အသက်အရွယ်ကဲ့သို့ အမြဲတမ်း ၁၈နှစ်အရွယ်ရှိနေစေမည်ဖြစ်သည်။ 
သူ၏လေဆာမျက်မှန်ကြောင့် အေးစက်စက်အသွင်းမျိုးရှိနေသော်လည်း ချစ်စရာအသွင်းရှိနေမည်ဖြစ်ပြီး ဘဝမှာတိုးတောင်းပြီး ပျော်ရွှင်ခြင်းက အရေးကြီးဆုံးဖြစ်မည်ဟု ၎င်းက ယုံကြည်ထားသည်။ 
realmeow မှာ ကြက်ကြော်ကြိုက်တတ်ပြီး သင်သူ့ကိုဆုံတွေ့ခဲ့မည်ဆိုလျှင် ကြက်ကြော် သို့မဟုတ် ပီဇာ တစ်ခုခုဝယ်ကျွေးနိုင်မည်ဖြစ်သည်။ 
စကိတ်စီးခြင်း၊ Hip-hop ကခြင်းတို့ကျွမ်းကျင်ပြီး Rap သီချင်းများဖြင့် အမြဲမြူးကြွနေတတ်မည်ဖြစ်သည်။
realmeow မှာ ခေတ်ရှေ့ပြေးယဉ်ကျေးမှုအတွက်ရှိနေမည်ဖြစ်ပြီး ခေတ်ရေစီးကြောင်းနှင့် ထူးခြားသာလွန်သည့် ကိုယ်ရည်ကိုယ်သွေးများရှာမှီးနေသည့်လူငယ်များအတွက် ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အပြင် ဖတ်ရှင်နှင့် အရည်အသွေးအတွက်ပါ အကောင်းဆုံးပံ့ပိုးပေးသွားမည်ဖြစ်လည်းဖြစ်သည်။ 
ယခုလို ဒီဇိုင်နာဇာတ်ကောင်ရုပ်နှင့်အတူ realme အနေဖြင့် ခေတ်ရှေ့ပြေးယဉ်ကျေးမှုများကို လူငယ်များနှင့်အတူကြိုးပမ်းအားထုတ်ရှာဖွေသွားမည်ဖြစ်ပြီးနောက်ဆုံးရခေတ်ရှေ့ပြေးသတင်းအချက်အလက်များကိုပါ ဆက်လက်ဝေမျှပေးသွားဦးမည်ဖြစ်သည်။ 
realme  မှာ ကမ္ဘာတစ်ဝန်းလုံးရှိလူငယ်များနှင့်အတူ နှစ်သစ်ကို အောင်ပွဲခံစေရန်အတွက် ကန့်သတ်ချက်ဖြင့်ထုတ်လုပ်ထားသော realmeow gift package ကိုပါ မိတ်ဆက်ပေးထားပြီဖြစ်သည်။ 
အနာဂတ်တွင် realme အနေဖြင့် အမြဲတမ်းချိတ်ဆက်ထားပြီး ခေတ်ရှေ့ပြေးသည့် စမတ်ကျသောဘဝမျိုးကိုဖန်တီးတည်ဆောက်ပေးနိုင်စေရန် realmeow ပေါ်တွင်အခြေခံထားသော  စမတ်ဖုန်းများနှင့် AIoT ထုတ်ကုန်များစွာကို ချပြမိတ်ဆက်ပေးသွားမည်ဖြစ်သည်။
                  realme Year End Promotion ( realme C12, realme C15 and realme 7)
realme Myanmar အနေဖြင့် ၂၀၂၀ နှစ်ကုန်ကာလ အထူးပရိုးမိုးရှင်းအနေဖြင့် realme စမတ်ဖုန်းမော်ဒယ် ၃မျိုးဖြစ်သော realme C12၊ realme C15 နှင့် realme 7 တို့ကို ယခင်ဈေးနှုန်းများထက် ပိုမို သက်သာသည့်ဈေးနှုန်းများဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၃၁ ရက်အထိရောင်းချပေးသွားမည်ဖြစ်သည်။ 
realme C12 (3GB+32GB) ကို ယခင်ဈေးနှုန်း (၁၇၉,၉၀၀) ကျပ်မှ ယခုဈေးနှုန်း (၁၆၉,၉၀၀) ကျပ် ဖြင့်လည်းကောင်း၊ realme C15 (4GB+64GB) ကို ယခင်ဈေးနှုန်း (၂၁၉,၉၀၀) ကျပ်မှ ယခုဈေးနှုန်း (၂၀၉,၉၀၀) ကျပ် ဖြင့်လည်းကောင်း၊ realme 7 (8GB+128GB) ကို ယခင်ဈေနှုန်း (၃၉၉,၉၀၀) ကျပ်မှ ယခုဈေးနှုန်း (၃၆၉,၉၀၀) ကျပ် ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိသည်။  
က်ဆိုင်ရာမော်ဒယ်အလိုက် လက်ဆောင်ပစ္စည်းများကိုလည်း ရရှိခံစားနိုင်စေဦးမည်ဖြစ်သည်။