မိုင်းယောင်း၌ ဒေသရှမ်းဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပေးကြေညာ

အများပြည်သူများ သိရှိလိုက်နာရန် မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် လိုက်လံ အသိပေး
အများပြည်သူများ သိရှိလိုက်နာရန် မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် လိုက်လံ အသိပေး
မိုင်းယောင်း၌ ဒေသရှမ်းဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပေးကြေညာ
ဒီဇင်ဘာ 19, 2020
By စိုင်းအောင်ဇော်လင်း
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း မိုင်းယောင်းမြို့တွင် Covid-19 အတည်ပြုလူနာ (၁၀)ဦးအထိ တွေ့ရှိထားရသည့် အတွက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အသိပေးမှုကို ဒေသတွင်းနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် အသိပေးကြေညာပေးနေကြောင်း သိရသည်။
 
မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် ဈေးတွင် ဈေးရောင်း ဈေးဝယ်သူများ အနေဖြင့် Mask နှင့် Face Shield တပ်ဆင်ရောင်းဝယ်ကြရန်၊ ရောဂါကူးစက် မခံရစေရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်များကို တိကျစွာ လိုက်နာရန်၊ ဤရောဂါသည် အန္တရာယ်ကြီးသဖြင့် Mask တပ်ခြင်းသည် အထူးထိရောက်စွာ ကာကွယ်နိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့် Covid-19 ကာကွယ်ထိန်းချုပ်ရေးကို မိမိကိုယ်ရေးကိစ္စသဖွယ် သဘောထား၍ ပူးပေါင်းဆောင်ရွက်ပေးရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အချက်(၁၀)ချက်ကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်/ဆက် နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စသည့် ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာလ(၁၈)ရက်နေ့က ထပ်မံ၍ အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနေခြင်း ဖြစ်သည်။
 
မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ကာကွယ်ရေးအတွက် အသိပေးမှုကို ယခင်ကလည်း မြန်မာ - ရှမ်း နှစ်ဘာသာဖြင့် အသိပေးခဲ့ပြီးဖြစ်ပြီး ယခုအခါမှာလည်း မြန်မာ - ရှမ်းဘာသာဖြင့် အသိပေးနေခြင်း ဖြစ်သည်။
 
မိုင်းယောင်းမြို့နယ်အတွင်းသို့ တာချီလိတ်က ပြန်လာသည့် အမျိုးသမီးများထဲက Covid-19 ကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့က စ၍  တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ (၁၈) ရက်နေ့အထိ အတည်ပြုလူနာ (၁၀) ဦးရှိလာပြီ ဖြစ်သည်။
 
အတည်ပြုလူနာ (၁၀)ဦးအနက် ဒီဇင်ဘာလ (၁၈)ရက်နေ့အထိ ဆေးရုံဆင်းလူနာမှာ (၇)ဦးရှိပြီဖြစ်၍ ကုသမှုခံယူဆဲ (၃)ဦး ကျန်ရှိသည်။
 
မိုင်းယောင်းမြို့တွင် ဒေသတွင်း ကူးစက်မှုအဖြစ် ရှိနေသည့်အတွက် ဒေသတွင်းမှ မည်သူမဆို ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူကြပ်၊ အနံ့မရ၊ နှာစေး၊ အရသာခံစားနေရပြီး မိမိကိုယ်ကိုယ် Covid-19 သံသယဖြစ်နေပါက  မိုင်းယောင်းမြို့ အမှတ်(၉)ရပ်ကွက်တွင် Fever Clinic ကို ပိတ်ရက်မရှိ နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ (၁)နာရီအထိ   ဖွင့်လှစ်ပေးထားကြောင်းသိရသည်။ 
 
 
Tachileik News Agency