ကျောက်မဲမြို့မှ အတည်ပြုလူနာအမျိုးသမီးနှင့် ထိတွေ့သူများတွင် ပိုးမတွေ့ရသဖြင့် ယာယီပိတ်ထားသည့် ဆိုင်များကို ပြန်ဖွင့်ခွင့်ပေး

ကျောက်မဲမြို့မှ အတည်ပြုလူနာအမျိုးသမီးနှင့် ထိတွေ့သူများတွင် ပိုးမတွေ့ရသဖြင့် ယာယီပိတ်ထားသည့် ဆိုင်များကို ပြန်ဖွင့်ခွင့်ပေး
ဒီဇင်ဘာ 21, 2020
By Tachileik News Agency
ကျောက်မဲမြို့မှ အတည်ပြုလူနာအမျိုးသမီးနှင့် ထိတွေ့သူများတွင် ပိုးမတွေ့ရသဖြင့် ယာယီပိတ်ထားသည့် ဆိုင်များကို ပြန်ဖွင့်ခွင့်ပေး
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့က အတည်ပြုလူနာအဖြစ် ဓာတ်ခွဲအဖြေရထားသည့်အမျိုးသမီး၏ ထိတွေ့သူများတွင် ပိုးမတွေ့ရသဖြင့် တစ်ဆင့်ထိတွေ့မှုဖြစ်၍ ယာယီပိတ်ထားသည့် ဈေးဆိုင် (၁၀)ဆိုင်ကို ဒီဇင်ဘာလ (၂၁)ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်သည်။

“ အဲဒီနေ့က ကုန်လိုက်ချတဲ့ကားနဲ့ပတ်သက်သူတွေရဲ့ အဖြေမှာ ပိုးတွေ့သူ ထပ်မတွေ့တဲ့အတွက်  ဒီနေ့ (ဒီဇင်ဘာ ၂၁ ရက်)မှာ ကိုဗစ်ကော်မတီကလည်း အကြောင်းကြား လာတဲ့အတွက်  ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးလိုက်တယ်။” 

ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောသည်။
ကျောက်မဲမြို့သို့ ကုန်တင်ယာဉ်နှင့်အတူ လိုက်ပါလာသည့် အသက် (၆၁)နှစ်အရွယ် အမျိုးသမီးကို ကျောက်မဲမြို့ အထက ( ၃ ) တွင် အသွားအလာကန့်သတ်ပြီး စစ်ဆေးရာ အတည်ပြုလူနာဖြစ်ကြောင်း ဒီဇင်ဘာလ (၁၉)ရက်နေ့၌ ဓာတ်ခွဲအဖြေရလာသဖြင့် ၎င်းစီးနင်းလာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်း၊ မြို့တွင်း ကုန်ပို့ရန် လူစားထိုးမောင်းသည့် ယာဉ်မောင်း၊ ကုန်ချသည့်အဖွဲ့များအား အသွားအလာကန့်သတ်၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့တွင် ကိုဗစ်ကာလ စတင်စဉ်ကတည်းကစ၍ ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲပိုင်းအထိ ပိုးတွေ့အတည်ပြုလူနာ (၁၆) ဦးရှိသည့်အနက် (၁၄)ဦးမှာ ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

  


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~