မကွေးတိုင်းမှ quarantine ဝင်နေရသူများကို ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် (၁၀၀) ဖြန့်ဝေပေးနေ

မကွေးတိုင်းမှ quarantine ဝင်နေရသူများကို ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် (၁၀၀) ဖြန့်ဝေပေးနေ
ဒီဇင်ဘာ 22, 2020
By Tachileik News Agency
မကွေးတိုင်းမှ quarantine ဝင်နေရသူများကို ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် (၁၀၀) ဖြန့်ဝေပေးနေ
COVID 19 ကပ်ဘေးခံစားနေရသည့် ပြည်သူများအတွက် APTERR Tler-3 2020 အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံက လှူဒါန်းထားသော ဆန်များကို မကွေးတိုင်းဒေသကြီးအတွင်းမှ quarantine ဝင်နေရသူများအတွက် ဖြန့်ဝေပေးထားရာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့အထိ ဆန် (၈၈) တန်ကျော် ပေးဝေထားပြီးဖြစ်ကြောင်း သိရသည်။
"တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးတွေဆီကို  ဒီဇင်ဘာ (၂၁) ရက် နေ့ကစပြီး ဖြန့်ဝေပေးနေတာ မြို့နယ် (၆) မြို့နယ်က လာသယ်ပြီးသွားပါပြီ '' 
ဟု မကွေးတိုင်းစိုက်ပျိုးရေး ဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးစိုးသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကိုရီးယားသမ္မတနိုင်ငံ က APTERR Tler-3 2020 အစီအစဉ်အဖြစ်  ဆန်တန်ချိန် (၆၀၀) ကို စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ရှမ်း၊ မွန်၊ ချင်း၊ ကရင်၊ ကယား၊ ကချင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၀)ခုအတွက် ထောက်ပံ့ထားရာ မကွေးတိုင်းဒေသကြီးအတွက် ခွဲတမ်း တန်ချိန် (၁၀၀) ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆန်တန်ချိန် (၁၀၀)အားဖြန့်ဝေရေးအတွက် တိုင်းအစိုးရအဖွဲ့  အစည်းအဝေးဖြင့်ဆုံးဖြတ်ရာ မကွေး ၊ မင်းဘူး ၊ အောင်လံ ၊ ပခုက္ကူ နှင့် ဂန့်ဂေါ မြို့ နယ်များအတွက် (၄၀)ကီလို အိတ် (၁၂၀)စီ၊ တောင်တွင်း နှင့် မြို့သစ်မြို့နယ်များအတွက် (၄၀)ကီလိုအိတ် (၁၀၀)စီ ၊ နတ်မောက် ၊ ပွင့်ဖြူ ၊ စလင်း ၊ သရက် ၊ မင်းလှ ၊ဆင်ပေါင်ဝဲ ၊ ရေစကြို ၊ မြိုင် ၊ ချောက်၊ ရေနံချောင်း၊ ပေါက် နှင့် ဆိပ်ဖြူမြို့နယ်များ အတွက် (၄၀)ကီလိုအိတ် (၈၀)စီ ၊ ငဖဲ၊ စေတုတ္တရာ ၊ ကံမ ၊မင်းတုန်း ၊ ထီးလင်း နှင့် ဆော မြို့နယ်များအတွက် (၄၀)ကီလိုအိတ် (၄၀)စီ လတ်တလော ဖြန့်ဝေသွားမည်ဟု သိရသည်။
အဆိုပါဆန်များ ဒီဇင်ဘာ (၆) ရက်နေ့တွင် မကွေးတိုင်းစိုက်ပျိုးရေးရုံးသို့ ရောက်ရှိကာ တိုင်းအတွင်း Quarantine စင်တာအသီးသီးရှိ လူဦးရေပေါ်မူတည်၍ ခွဲဝေထောက်ပံ့ရန် ဒီဇင်ဘာ (၁၀)ရက်နေ့တွင် မကွေးတိုင်းအစိုးရအဖွဲ့ က အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၂၅) ခုတွင် Quarantine စင်တာ (၅၀၀) ကျော်ရှိပြီး လတ်တလော ကန့်သတ်စောင့်ကြည့်ထားသူ ဦးရေ (၃၀၀၀) ဝန်းကျင်ရှိကြောင်း မကွေးတိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ- ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~