မကွေးတိုင်းအတွင်း အတည်ပြုလူနာများ နေ့စဉ်တိုးလာနေ၍ ကုသရေးစင်တာများ ထပ်မံဖွင့်နိုင်ရန် ပြင်ဆင်

မကွေးတိုင်းအတွင်း အတည်ပြုလူနာများ နေ့စဉ်တိုးလာနေ၍ ကုသရေးစင်တာများ ထပ်မံဖွင့်နိုင်ရန် ပြင်ဆင်
ဒီဇင်ဘာ 23, 2020
By Tachileik News Agency

 

မကွေးတိုင်းအတွင်း အတည်ပြုလူနာများ နေ့စဉ်တိုးလာနေ၍ ကုသရေးစင်တာများ ထပ်မံဖွင့်နိုင်ရန် ပြင်ဆင်
မကွေးတိုင်းဒေသကြီးအတွင်း COVID-19 အတည်ပြုလူနာများ နေ့စဉ်တိုးလာနေ၍ ကုသရေးစင်တာများကို ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
 “တိုင်းအတွင်း လိုအပ်လာခဲ့ရင် သက်ဆိုင်ရာမြို့နယ်အလိုက် ကိုဗစ်အတည်ပြုလူနာ ကုသရေးစင်တာ တွေ ဖွင့်လှစ်ဖို့စီစဉ်နေတာတွေရှိပေမဲ့ ဘယ်မြို့ ဘယ်နေရာတွေမှာ ထားရှိမယ်ဆိုတာတော့ မပြော နိုင်သေးပါဘူး။ နတ်မောက်ဆိုရင် မိုးလုံလေလုံခန်းမမှာ ကုသရေးစင်တာထားရှိပြီး မကွေးဆိုရင်လည်း ပညာရေးကောလိပ်လိုနေရာမျိုးမှာ ကုသရေးစင်တာထားဖို့ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါ တယ်” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ(၂၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိ သက်ဆိုင်ရာဆေးရုံများတွင် COVID-19 အတည်ပြုလူနာများအား ကုသမှုပေးနိုင်သေးသော် လည်း တစ်နေ့ထက်တစ်နေ့ များပြားလာသည့် လူနာများ ထားရှိကုသနိုင်ရေးအတွက် အဆင်ပြေစေရန် ရည်ရွယ်၍  ကိုဗစ်ကုသရေးစင်တာများ ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အတည်ပြုလူနာများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးနှင့် သင်ကြားရေးဆေးရုံတို့၌ ထားရှိကုသမှုပေးလျှက်ရှိပြီး အောက်စီဂျင်ပေးနိုင်ရန ်စီစဉ်ထားရှိခြင်း၊  တိုင်းအစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသည့် လူနာကုတင်များ ဖြည့်တင်းထားရှိ ဆောင်ရွက်ထားသဖြင့် လုံလောက် ရှိနေသေးသည်ဟု ဆိုသည်။
မကွေးတိုင်းအတွင်း ဒီဇင်ဘာလ(၂၂)ရက် ည(၈)နာရီအချိန်ထိ COVID-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၂၃၁၀)အထိ ရှိလာကာ နေ့စဉ် ပိုးတွေ့လူနာအရေအတွက်တိုးပွားလျှက်ရှိနေပြီး ဒေသတွင်း ပိုးတွေ့လူနာနှင့် ထိတွေ့ကူးစက်ခံရသူလူနာအရေအတွက်မှာလည်း တိုးလာနေခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-Si Phyo Thu

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~