ကျောက်မဲမြို့တွင် ဒေသတွင်း ကူးစက်မှုတွေ့ထားရ၍ ပိုးတွေ့သူနှင့် ဆက်စက်သည့် ရုံး ဌာန (၅)ခုကို အသွားအလာ ကန့်သတ်ထား

ကျောက်မဲမြို့တွင် ဒေသတွင်း ကူးစက်မှုတွေ့ထားရ၍ ပိုးတွေ့သူနှင့် ဆက်စက်သည့် ရုံး ဌာန (၅)ခုကို အသွားအလာ ကန့်သတ်ထား
ဒီဇင်ဘာ 21, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ဒေသတွင်း ကူးစက်မှုတွေ့ထားရ၍ ပိုးတွေ့သူနှင့် ဆက်စက်သည့် ရုံး ဌာန (၅)ခုကို အသွားအလာ ကန့်သတ်ထား
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့က ဒေသတွင်း ကူးစက်မှုအဖြစ်  အတည်ပြုလူနာ (၁)ဦးတွေ့ရသဖြင့်  ပိုးတွေ့သူနှင့်ဆက်စပ်သည့် ဈေးဆိုင်၊ နေအိမ်၊ဌာနဆိုင်ရာရုံးနှင့် NGO ရုံး စုစုပေါင်း ရုံးဌာန (၅)ခုတို့ကို ရုံးတို့ကို အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
“ ရုံးတွေကတော့ ဟိုလိုကြီး ပိတ်ခိုင်းထားတာ မဟုတ်ပါဘူး။ သူတို့အစီအစဉ်နဲ့သူတို့ ရုံးအတွင်းကို အဝင်အထွက် မရှိအောင်နေဖို့ မှာထားတယ်။ အိမ်ဆိုလည်း အိမ်၊ ရုံးဆိုလည်း ရုံး အဲဒီလို အဝင်အထွက်မရှိအောင် နေကြဖို့မှာထားတယ်။ ဆိုင်တွေကလည်း အဲဒီလိုပဲ ခဏ ပိတ်ခိုင်းထားတာပေါ့။ တိုက်ရိုက်ထိစပ်တာတွေကိုတော့ သက်ဆိုင်တဲ့ Quarantine ထားဖို့ ကျန်းမာရေးက စီစဉ်ထားတယ်” ဟု  ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်ဝေဒနာခံစားနေရသည့် အမျိုးသမီး (၁)ဦးကို စစ်ဆေးရာ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရရှိသည့်ဓတ်ခွဲအဖြေ၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ယင်းအပြင် ဒီဇင်ဘာ (၂၀) ရက်နေ့ ညပိုင်းကလည်း အနံ့ပျောက်သည့်အမျိုးသမီးတစ်ဦး ထပ်မံတွေ့ရသဖြင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတွင် သံသယလူနာအဖြစ် ပို့ဆောင်ထားပြီး ဓာတ်ခွဲနမူနာပို့စစ်သွားမည်ဖြစ်သည်။
ကျောက်မဲမြို့တွင် COVID 19 ဒေသတွင်းကူးစက်မှုအဖြစ် စတင်တွေ့လာရသဖြင့် အများပြည်သူအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်အပါအဝင် COVID 19 ကာကွယ်ဆိုင်ရာအသိပေးချက်များကို  မြို့နယ် ကိုဗစ်ကော်မတီက အသံချဲ့စက်ဖြင့် အဆက်မပြတ် လိုက်လံကြေညာမှုများ ပြုလုပ်ပေးနေသည်ကို တွေ့ရသည်။
“အဓိကကတော့ ပိုက်ဆံအပေးအယူကိစ္စတွေမှာ သတိထားစေချင်တယ်။ ပိုက်ဆံကိုင်ပြီးရင် လက်ဆေးဖို့၊ ပိုက်ဆံကိုလည်း ပိုးသတ်ပြီးမှ သိမ်းဆည်းဖို့၊  အရက်ပျံနဲ့ဖျန်းပြီးမှ သိမ်းဆည်းဖို့၊ ပြီးတော့ အိမ်မှာပဲ နေကြဖို့၊ မဖြစ်မနေ အပြင်ထွက်ရရင် နှာခေါင်းစည်းတပ်ဖို့၊ လက်ခဏခဏဆေးဖို့ ပြည်သူတွေကို မှာချင်ပါတယ်” ဟု ကျောက်မဲခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးနှင့်  ကုသရေး ဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင်  ပြောသည်။
ဒီဇင်ဘာလ ( ၁၉) ရက်နေ့က တွေ့ရသည့် အနံ့ပျောက် အတည်ပြုလူနာနှင့် ထိစပ်ခဲ့သည့် ဈေးဆိုင် (၆) ဆိုင် ၊ နေအိမ် (၁၀) ခု၊ စုစုပေါင်း လူဦးရေ (၄၆) ဦးကို နေအိမ်၊ FACILITY QUARATINE စသည့် သက်ဆိုင်ရာ အသွားအလာ ကန့်သတ်ထားပြီး စုစုပေါင်းစာရင်းတွင်မပါရှိသော်လည်း အတတ်နိုင်ဆုံး မိမိနေအိမ်တွင်သာ သီးသန့်နေထိုင်ရန် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ကိုဗစ်ကော်မတီက ညွှန်ကြားထားသူများလည်း ရှိနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~