ဦးဝီရသူအနေဖြင့် တရားရုံးတွင် ရင်ဆိုင်ပြီးပါက ဓမ္မစက်ဖြင့်ဆောင်ရွက်မှုကို ဆက်လက်ရင်ဆိုင်ရမည်

ဦးဝီရသူအနေဖြင့် တရားရုံးတွင် ရင်ဆိုင်ပြီးပါက ဓမ္မစက်ဖြင့်ဆောင်ရွက်မှုကို ဆက်လက်ရင်ဆိုင်ရမည်
နိုဝင်ဘာ 3, 2020
By Tachileik News Agency
ဦးဝီရသူအနေဖြင့် တရားရုံးတွင် ရင်ဆိုင်ပြီးပါက ဓမ္မစက်ဖြင့်ဆောင်ရွက်မှုကို ဆက်လက်ရင်ဆိုင်ရမည်
ဖမ်းဝရမ်းထုတ်ခံထားရပြီး တစ်နှစ်ကျော်ကြာအောင် ထွက်ပြေးတိမ်းရှောင်နေပြီး ရွေးကောက်ပွဲကျင်းပရန် (၅)ရက်အလို၌ လာရောက်အဖမ်းခံသည့် ဦးဝီရသူကို တရားရုံးတွင်အမှုပြီးပြတ်ပါက ဓမ္မစက်ဖြင့် ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့၌ သတင်းထုတ်ပြန်သည်။
ဦးဝီရသူအား လူဝတ်လဲစေပြီး နိုဝင်ဘာလ (၃)ရက်နေ့မှစ၍ ချုပ်ရက် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားပြီးဖြစ်ကာ အရပ်ဘက်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ပြီးပါကလည်း ဝိနိစ္ဆယလက်စွဲ၊ ဝိနိစ္ဆယလုပ်ထုံး၊ ညွှန်ကြားချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု နိုဝင်ဘာလ (၃) ရက်နေ့၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူသည် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံရှေ့ ကားပါကင်၌ ပြုလုပ်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖေါ်ထုတ်ပွဲတွင် ပါဝင်ဟောပြောစဉ်က ဟောပြောခဲ့မှုများနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ၂၀၁၉ ခုနှစ်၊ မေလ (၂၈)ရက်နေ့၌ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားခံရသည်ကို တရားရင်ဆိုင်ခြင်းမပြုဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ခြင်းဖြစ်သည်။
ယင်းသို့ တိမ်းရှောင်နေရာမှ ဦးဝီရသူသည် အခြားသံဃာ အပါး (၂၀)ကျော်၊ လူပုဂ္ဂိုလ်အချို့နှင့်အတူ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ ညနေ (၃)နာရီ (၂၅)မိနစ်အချိန်၌ ဒဂုံမြို့နယ်ရှိ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် လာရောက်အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~