ယခုနှစ်တွင် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် သောင်ပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ထားခြင်း မရှိ၍ ပွဲတော်ကျင်းပရန် အခွင့်အလမ်းနည်းပါး

ယခုနှစ်တွင် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် သောင်ပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ထားခြင်း မရှိ၍ ပွဲတော်ကျင်းပရန် အခွင့်အလမ်းနည်းပါး
နိုဝင်ဘာ 27, 2020
By Tachileik News Agency
ယခုနှစ်တွင် မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် သောင်ပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ထားခြင်း မရှိ၍ ပွဲတော်ကျင်းပရန် အခွင့်အလမ်းနည်းပါး
Covid-19 ကာလဖြစ်၍ မန်းရွှေစက်တော်ဘုရားပွဲတော်အတွက် သောင်ပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ထားခြင်း မရှိသဖြင့် ယခုနှစ်တွင် ပွဲတော်ကျင်းပနိုင်ရန် အခွင့်အလမ်း နည်းပါးလျှက်ရှိနေကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါ ဖြစ်ပွားလျှက်ရှိနေသည့်အတွက်  ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများကို အစိုးရနှင့်ပြည်သူ လက်တွဲညီစွာဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်နေသည့် အချိန်အခါကာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ မည်သည့်အခမ်းအနားကိုမဆို တတ်နိုင်သမျှ အကျဉ်းချူံးပြီး ကျင်းပနေရသဖြင့် ယခု နှစ် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်ကို မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူး မြော်ကြည်ညိုသူများဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပရန် အခွင့်အလမ်း နည်းပါးလျှက်ရှိ ကြောင်း၊ ထိုသို့ အခွင့်အလမ်းနည်းပါးသဖြင့် ဘုရားပွဲတော်ပွဲခင်းသောင်ပြင်ကို ယခင်နှစ်များကဲ့သို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများကိုပင် ဆောင်ရွက်ထားခြင်းမရှိသေးကြောင်း၊ မကွေးတိုင်းဒေ သကြီး သံဃနာယက ကျောင်းတော်၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး/စကု မြို့နယ် မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့သြဝါဒစရိယ ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူပွဲတွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ယင်းသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။
“နှစ်စဉ်ဖွင့်လှစ်မြဲဖြစ်တဲ့ လာမယ့် ၁၃၈၂ ခု တပို့တွဲလဆန်း ၅ရက်နေ့မှာ ကိုဗစ်ကာလ ဖြေလျှော့မှုတွေ မရှိသေးဘူးဆိုရင် ထုံတမ်းစဉ်လာအရ အောက်ခြေတော်ရာ ပါဒစေတီတော်၊ အလင်းပေါက်ဖန်အုပ် ဆောင်းဖွင့်လှစ်ပူဇော်ခြင်းနဲ့ အထက်စက်တော်ရာ ပါဒစေတီတော် ဖွင့်လှစ်ပူဇော်ခြင်းတို့ကို သြဝါဒစရိ ယ ဆရာတော်ကြီး ၅ပါးလောက်နဲ့ အကျဉ်းချူံးပြီး ဖွင့်လှစ်ပေးဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်” ဟု ရွှေစက်တော်ဂေါပကအဖွဲ့ဝင် ဦးခင်မောင်စိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၇)ရက် နေ့တွင် ပြောသည်။
ရွှေစက်တော်ဘုရားပွဲတော်မှာ နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ရက်ရှည် ကျင်းပလေ့ရှိသည့် ဘုရားပွဲတော်ဖြစ်သော်လည်း ယခင်နှစ်ဘုရားပွဲတော်ရာသီက COVID-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၂၀ ခုနှစ် မတ်လ(၁၁)ရက်နေ့၌ ကြေညာခဲ့ပြီး နောက် မတ်လ(၁၃)ရက်နေ့တွင် ဘုရားပွဲတော်ကို ပိတ်ရက်မတိုင်မီ ပိတ်သိမ်းခဲ့ရပြီး ယနေ့အထိ ဘုရားဖူးများ လာရောက်ဖူးမြော်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~