အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျေးရွာ(၁၁)ရွာတွင် Campaign ပြုလုပ်ကာ အသိပညာပေး

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျေးရွာ(၁၁)ရွာတွင် Campaign ပြုလုပ်ကာ အသိပညာပေး
နိုဝင်ဘာ 25, 2020
By Tachileik News Agency

 

အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ကျေးရွာ(၁၁)ရွာတွင် Campaign ပြုလုပ်ကာ အသိပညာပေး

နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ဗီနိုင်း၊ ဖဲကြိုးဖြူ နှင့် တီရှပ် Campaign များကို နိုဝင်ဘာ(၂၅)ရက်နေ့တွင် မကွေးနှင့် မြို့သစ်မြို့နယ်ရှိ ကျေးရွာ(၁၁)ရွာ၌ ကျေးလက်မြေအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကိုဗစ်ကာလဖြစ်လို့ အခမ်းအနားကြီးသဘောမျိုး မလုပ်ဘဲ ဗီနိုင်း၊ ဖဲကြိုးဖြူနဲ့ တီရှပ်  Campaign လုပ်တာပါ။ နိုဝင်ဘာလ (၂၅)ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ဆိုတာ လူတွေသိရှိစေချင်လို့ရယ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုများရပ်တန့်ရေး၊ အကြမ်းဖက်မှုဖြစ်ပေါ်လာပါကလည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးနိုင်ရေး၊ အမျိုးသမီး တွေအပေါ် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းထားတဲ့ ဥပဒေမူ ကြမ်းကို အတည်ပြုပေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ပါတယ်”ဟု ကြာကန်အခြေစိုက် ကျေးလက်မြေအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်မူဆဲလ် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ လှုပ်ရှားမှုကို မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်တို့မှ ကျေးရွာ (၁၁)ရွာများဖြစ်သည့် ကြာကန်၊ ညောင်ပင်သာ၊ ကျူချောင်း၊ ရွာသစ်၊ ပုဂံမျှော်၊ လေးအိမ်၊ ကြို့ပင်အင်း၊ ကျည်တစ်လုံး၊ ကြိုးကြာကန်၊ သမျှားနှင့် လိပ်ကန်းကျေးရွာတို့တွင် တစ်ပြိုင်တည်း ပြုလုပ်ခြင်းဖြစ်ပြီး အိမ်ထောင်ရှင်များကို ခေါ်ယူ ကာ အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်၍ သိအပ်သည့် အကြောင်းအရာနှင့်ဥပဒေများကို ရှင်းလင်း ဆွေးနွေးသည့် စကားဝိုင်းများလည်း ပါရှိကြောင်း သိရသည်။
“အမျိုးသမီးတွေရဲ့ အခွင့်အရေး၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက် မခံရရေးတွေအတွက် ဗဟုသုတတွေ အများကြီးရပါတယ်။ ရွာမှာ ကိုယ့်လိုပဲ မသိတဲ့လူတွေက အများ ကြီးဆိုတော့ ဒီလိုပွဲမျိုး လုပ်တာကို သဘောကျပါတယ်”ဟု ကြာကန်ကျေးရွာသူ မခင်မျိုးသူ က ပြောသည်။
အဆိုပါ Campaign များကို ကြာကန်ကျေးရွာအခြေစိုက် ကျေးလက်မြေအဖွဲ့မှ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကိုဗစ်ကာလဖြစ်၍ ၁ နာရီလျှင် ၅ယောက်ဖြင့် မနက် ၈နာရီ မှ နေ့လယ် ၁၂နာရီအထိ လူလဲ၍ ဦးဆောင်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~