မကွေးမြို့ပေါ်ရှိ စားသောက်ဆိုင် (၂၂၅)ဆိုင်ကို ဒီဇင်ဘာ လဆန်းပိုင်းတွင် Covid-19 ကာကွယ်ရေး စည်းကမ်း နှင့်အညီ ဆိုင်ထိုင်ရောင်းချခွင့် ပြုတော့မည်

မကွေးမြို့ပေါ်ရှိ စားသောက်ဆိုင် (၂၂၅)ဆိုင်ကို ဒီဇင်ဘာ လဆန်းပိုင်းတွင် Covid-19 ကာကွယ်ရေး စည်းကမ်း နှင့်အညီ ဆိုင်ထိုင်ရောင်းချခွင့် ပြုတော့မည်
နိုဝင်ဘာ 28, 2020
By Tachileik News Agency
မကွေးမြို့ပေါ်ရှိ စားသောက်ဆိုင် (၂၂၅)ဆိုင်ကို  ဒီဇင်ဘာ လဆန်းပိုင်းတွင် Covid-19 ကာကွယ်ရေး စည်းကမ်း နှင့်အညီ ဆိုင်ထိုင်ရောင်းချခွင့် ပြုတော့မည်
မကွေးမြို့ပေါ်ရှိ စားသောက်ဆိုင် (၂၂၅)ဆိုင်ကို လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် Covid-19 ကာကွယ်ရေး စည်းကမ်း နှင့်အညီ ဆိုင်ထိုင်ရောင်းချခြင်းကို ပြန်လည်ခွင့်ပြုပေးတော့မည် ဖြစ်ကြောင်း သိရသည်။
“စည်ပင်အနေနဲ့ ကွင်းဆင်းစစ်ဆေးပြီးတော့ တိုင်းအစိုးရအဖွဲ့ဆီကို စာတင်ပြီးသွားပါပြီ။ A အဆင့် ရှိတဲ့ဆိုင်တွေကိုပဲ စပြီးဖွင့်ခွင့်ပေးသွားမှာဆိုပေမယ့် မြို့ပေါ်ဆိုင်တွေအားလုံးနီးပါးက ကိုဗစ်စည်းကမ်း ကို လိုက်နာမှုရှိကြတာကြောင့် အေ အဆင့်တွေက များပါတယ်”ဟု မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီ က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Covid-19 ဒုတိယလှိုင်းကာလ၌ စက်တင်ဘာလ (၁၄)ရက်နေ့မှ စတင်ကာ မကွေးမြို့ရှိ စားသောက် ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ခြင်းဖြစ်ရာ အချိန် (၂)လခွဲကျော်ကြာမြင့်ခဲ့ပြီဖြစ်၍ စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် ဆိုင်ဝန်ထမ်းများ၏ လူမှုဘဝ ပြန်လည်ရပ်တည်နိုင်ရေးအတွက် ပြန်ဖွင့်ခွင့်ပြုရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကာလ တစ်လျှောက် ဆိုင်ထိုင်ရောင်းချခွင့်မရခဲ့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရသဖြင့် နေ့စဉ် ရောင်းအား၏ သုံးပုံ နှစ်ပုံ ကျဆင်းခဲ့ရပြီး  ယခု ဆိုင်ပြန်ခွင့်ရသည့်တိုင် ဆိုင်လုပ်သားရှာမရသည့် အခက်အခဲများနှင့် ကြုံတွေ့ရဦးမည်ဟု စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ဆိုင်က ပိတ်ထားရတာက တစ်ကြောင်း၊ ကိုဗစ်ကူးစက်မှာ ကြောက်လို့က တစ်ကြောင်းကြောင့်  ဆိုင်ဝန် ထမ်းတစ်ချို့ ကိုယ့်ရပ်ရွာကို ပြန်ကြတယ်။ ဖျော်ဆရာ၊ မုန့်ဆရာ နဲ့ ဝန်ထမ်းအချို့ရဲ့ စားဝတ်နေရေးက ရှိသေးတာကြောင့် ပါဆယ်စနစ်နဲ့ ရောင်းချနေရပေမယ့် ရောင်းအားက သုံးပုံ တစ်ပုံလောက်ပဲရှိတော့လို့ မကိုက်ပါဘူး။ အခု ဆိုင်ပြန်ဖွင့်ခွင့်ရခဲ့ရင်လည်း  ရွာပြန်သွားကြတဲ့ဆိုင်ဝန်ထမ်းတွေက သီးနှံသိမ်း ချိန်နဲ့တိုက်နေလို့ ချက်ချင်း ခေါ်ရဦးမှာမဟုတ်ဘူး” ဟု လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဒေါ်စိန်မြင့်က ပြော သည်။
မကွေးမြို့တွင် စားသောက်ဆိုင် (၂၅၆) ဆိုင်ရှိသည့်အနက် စစ်ဆေးပြီးသည့်အခြေအနေအရ (၂၂၅) ဆိုင်သာ ဖွင့်ခွင့်ရဦးမည်ဖြစ်ပြီး ကျန်(၃၁)ဆိုင်မှာ A အဆင့်ရရှိရန် လိုအပ်မှုများ ရှိနေသေးကြောင်းနှင့် ဖွင့်ခွင့်ရသည့်ဆိုင်များသည်လည်း စည်းကမ်းဖောက်ဖျက်မှုများ တွေ့ရှိပါက လိုအပ်သလို အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~