ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အောက်တိုဘာလ (၃၀)ရက်နေ့အထိ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အောက်တိုဘာလ (၃၀)ရက်နေ့အထိ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်
အောက်တိုဘာ 5, 2020
By Tachileik News Agency
ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အောက်တိုဘာလ (၃၀)ရက်နေ့အထိ ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပြုမည်
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ကစ၍ ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်ပြုလိုက်ပြီး အမြန်လမ်းမပေါ်က သွားလာသည့် မော်တော်ယာဉ်များ Rest Camp ၌သာ ရပ်နားရန်နှင့် အခြားနေရာများတွင် ရပ်နားပါက အမြန်လမ်းတွင် ဖြတ်သန်းခွင့် ပိတ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
COVID-19 ကာလအတွင်း သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် မြို့ဝင်/ထွက်ကိစ္စများ အဆင်ပြေချောမွေ့စေရန်အတွက် အောက်တိုဘာလ (၅)ရက်နေ့မှ အောက်တိုဘာလ (၃၀)ရက်နေ့အထိ ကာလအတွင်း ရန်ကုန်- မန္တလေး အမြန်လမ်းတွင် ကုန်တင်ယာဉ်များကို မော်တော်ယာဉ် ဖြတ်သန်းခသတ်မှတ်၍ ဖြတ်သန်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း အောက်တိုဘာလ (၅)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အမြန်လမ်းမကြီးတွင် ဖြတ်သန်းမည့် ကိုယ်ပိုင်ယာဉ်ငယ်များအနေဖြင့် တစ်နာရီလျှင် (၁၀၀) ကီလိုမီတာ၊ ခရီးသည်တင်ယာဉ်များအနေဖြင့် တစ်နာရီလျှင် (၈၀) ကီလိုမီတာ၊ Light Trud ယာဉ်များနှင့် ကုန်တင်ယာဉ်များအနေဖြင့် တစ်နာရီလျှင် (၆၀) ကီလိုမီတာသာ မောင်းနှင်ရန်သတ်မှတ်ထားပြီး သတ်မှတ်အမြန်နှုန်းထက် ပို၍မောင်းနှင်ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
ကုန်တင်ယာဉ်များအနေဖြင့် အမြန်လမ်းတွင် လက်ယာဘက်ယာဉ်ကြောမှသာ မောင်းနှင်ရမည်ဖြစ်ပြီး သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ခွင့်လည်းမပြုကြောင်း သိရသည်။
မော်တော်ယာဉ်များ ရပ်နားလိုပါက Rest Camp များတွင်သာ ရပ်နားရပါမည်ပြီး လမ်းဘေးတွင် ရပ်နားခြင်း၊ ကျူးကျော်ဆိုင်များတွင် စားသောက်ခြင်းကို ခွင့်မပြုကြောင်းနှင့် လိုက်နာခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက နောက်တစ်ကြိမ် ဖြတ်သန်းခွင့်ပြုတော့မည်မဟုတ်ကြောင်း သိရသည်။
ပုံအညွန်း  - အောက်တိုဘာလ(၅)ရက်နေ့ ညနေပိုင်းတွင် အမြန်လမ်းမှ ကုန်တင်ယာဉ်များ စစ်တင်ဖြတ်သန်းနေစဉ်

Tachileik News Agency

ဓါတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~