မြဝတီ - မဲဆောက်ကြား ကုန်တင်ယာဉ်များ နှစ်နိုင်ငံတံတားထိပ်ရှိ BCF Zone အထိသာ ကုန်ပစ္စည်းပြောင်းလဲတင်ဆောင်စေသည့်စနစ်ကို စတင်ပြောင်းလဲ

မြဝတီ - မဲဆောက်ကြား ကုန်တင်ယာဉ်များ နှစ်နိုင်ငံတံတားထိပ်ရှိ BCF Zone အထိသာ ကုန်ပစ္စည်းပြောင်းလဲတင်ဆောင်စေသည့်စနစ်ကို စတင်ပြောင်းလဲ
အောက်တိုဘာ 11, 2020
By Tachileik News Agency
မြဝတီ - မဲဆောက်ကြား ကုန်တင်ယာဉ်များ နှစ်နိုင်ငံတံတားထိပ်ရှိ BCF Zone အထိသာ ကုန်ပစ္စည်းပြောင်းလဲတင်ဆောင်စေသည့် စနစ်ကို စတင်ပြောင်းလဲ
မြန်မာ - ထိုင်းနယ်စပ်ဒေသ မြဝတီ - မဲဆောက်ကြား နှစ်နိုင်ငံကုန်သွယ်ရေးအတွက် နှစ်နိုင်ငံမှ ကုန်တင်ယာဉ်များ မြို့တွင်းဝင်ခွင့် မပြုတော့ဘဲ နှစ်နိုင်ငံချစ်ကြည်ရေးတံတားထိပ်ရှိ BCF Zone များတွင် ကုန်ပစ္စည်းပြောင်းလဲ တင်ဆောင်သည့် စနစ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့မှ စတင်၍ ပြောင်းလဲဆောင်ရွက်နေကြောင်း သိရသည်။
"ဒီဘက်မှာရော မဲဆောက်ဘက်မှာရော ချစ်ကြည်ရေးတံတားထိပ်မှာ BCF ( Border Control Facility Zone) ရှိတယ်။ အဲဒီမှာက Passenger (ခရီးသည်)ဝန်းရော cargo (ကုန်တင်ယာဉ်)ဝန်းရောရှိတာပေါ့။ လောလောဆယ်တော့ cargo ဝန်းနဲ့ပဲ လုံလောက်နေတယ်။ အဲဒီမှာပဲ ကုန်ကဲ့တာပေါ့။ ထိုင်းကားတွေက မြဝတီ BCF Zone အထိ လာလို့ရတယ်။ မြန်မာဘက်ကလည်း ထိုင်းဘက်ခြမ်း မဲဆောက် BCF Zone အထိသွားလို့ရတယ်ပေါ့။ အဲဒီနည်းနဲ့ ကုန်သွယ်မှုလုပ်နေပါတယ်။ "ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၁)ရက်နေ့တွင် ပြောသည်။
မြန်မာနိုင်ငံ မြဝတီဘက်မှ ဝင်လာသည့် ကုန်ကားမောင်းသူများအား  မဲဆောက်ဆေးရုံက အောက်တိုဘာလ (၇)ရက်နေ့ ကတည်းက COVID 19 စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး စစ်ဆေးပေးနေရာ မြန်မာကုန်ကားမောင်းသူ (၂)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဓာတ်ခွဲအဖြေရရှိသည်ဟု ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၌ The Nation Thailand သတင်းတွင် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကုန်တင်ယာဉ်မောင်း (၂)ဦးကို အောက်တိုဘာလ (၉)ရက်နေ့ညပိုင်း၌ မြဝတီပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ထားရှိကာ ဓာတ်ခွဲနမူနာများကို အမျိုးသားဓာတ်ခွဲဌာနသို့ ပို့စစ်ထားဆဲဖြစ်သည်။
မဲဆောက်ဆေးရုံမှ စစ်ဆေးမှုတွင် COVID 19 ပိုးတွေ့ရသည်ဆိုသည့် မြန်မာယာဉ်မောင်းနှစ်ဦး သွားလာခဲ့သည့် မဲဆောက်ဈေးကို အောက်တိုဘာလ (၁၁)ရက်နေ့၌ ယာယီပိတ်လိုက်ကြောင်း သိရပြီး မြဝတီ - မဲဆောက်ကြား မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှ ဖြတ်သန်းမည့် ကုန်တင်ယာဉ်များကို တံတားထိပ်ရှိ BCF ကွင်း အထိသာသွားလာကြရန် နှစ်နိုင်ငံ ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်ကြား နယ်စပ်ဖြတ်သန်းသွားလာခြင်းကို COVID 19 ကာကွယ်ရေးအတွက် ယာယီပိတ်ထားသော်လည်း ကုန်တင်ယာဉ်များကို ယာဉ်မောင်းတစ်ဦးစီဖြင့် ဖြတ်သန်းသွားလာခွင့်ပြုထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~