ကာစီနိုနှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြဝတီမြို့နယ်အတွင်းထဲက ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်က သတင်းထုတ်ပြန်

ကာစီနိုနှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြဝတီမြို့နယ်အတွင်းထဲက ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်က သတင်းထုတ်ပြန်
သြဂုတ် 26, 2020
By Tachileik News Agency
ကာစီနိုနှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပါဝင်သည့် မြဝတီမြို့နယ်အတွင်းထဲက ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ တရုတ်က  သတင်းထုတ်ပြန်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခု၏ ရင်းနှီးမြုပ်နှံမှုဖြင့်  အကောင်အထည်ဖေါ်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင် ကာစီနိုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများပါ လုပ်ကိုင်နေပြီး မူလခွင့်ပြုချက်နှင့် ကွဲလွဲနေ၍ မြန်မာအစိုးရက သီးသန့်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေခြင်းအပေါ် တရုတ်နိုင်ငံက ထောက်ခံအားပေးသည်ဟု ထုတ်ပြန်လိုက်သည်။
“မြန်မာနိုင်ငံအစိုးရက သီးသန့်အဖွဲ့အစည်းထူထောင်၍ “ရွှေကုက္ကိုမြို့သစ်” စီမံကိန်းအရေးကိစ္စကို တရားဥပဒေသတ်မှတ်ချက်နှင့်အညီ စုံစမ်းစစ်ဆေးဖြေရှင်းနေပြီဖြစ်ရာ တရုတ်ဘက်က ယင်းအပေါ် ထောက်ခံအားပေးပါသည်”ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၅)ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
တရုတ်ဘက်က နိုင်ငံဖြတ်ကျော် လောင်းကစားပြုလုပ်သည့်ပြဿနာနှင့်စပ်လျဉ်း၍ သဘောထားသည် တရုတ်နိုင်ငံအရင်းအနှီးများဖြင့် ဒေသခံလောင်းကစားရုံအား ရင်းနှီးမြှုပ်နှံမှု ခွင့်မပြုခြင်း၊ တရုတ်နိုင်ငံသားများ ဒေသခံလောင်းကစားရုံ လည်ပတ်မှုတွင် ပါဝင်ခွင့်မပြုခြင်း၊ ဒေသခံ လောင်းကစားရုံက တရုတ်နိုင်ငံသားများ လောင်းကစားလုပ်ရန် ခေါ်ဆောင်ခွင့်မပြုခြင်း ဟူသည့်အတိုင်း အမြဲတစေတိကျပြတ်သားပါသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းဖြစ်သည်။
ယင်းအပြင် အဆိုပါစီမံကိန်းကိုရင်းနှီးမြှုပ်နှံသူများက ယင်းစီမံကိန်းသည် တရုတ်နိုင်ငံ “Belt and Road” အဆိုပြုချက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ပြောဆိုထားသော်လည်း အဆိုပါ စီမံကိန်းသည် တတိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး  တရုတ်နိုင်ငံ၏ “Belt and Road” အဆိုပြုချက်နှင့် လုံးဝမသက်ဆိုင်ပါဟု သံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။ 
တရားမဝင်လောင်းကစားပြုလုပ်မှု၊ တယ်လီဖုန်းဖြင့် လိမ်ညာခြင်းစသည့် နိုင်ငံဖြတ်ကျော် တရားဥပဒေချိုးဖောက်သည့် ပြစ်မှုကျူးလွန်မှုများတိုက်ဖျက်ရေးကို တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း ဖေါ်ပြထားသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~