ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်သည့် မြန်မာလုပ်သားစာရင်းကို အလုပ်သမားသံအရာရှိရုံး ကောက်ခံနေ

ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်သည့် မြန်မာလုပ်သားစာရင်းကို အလုပ်သမားသံအရာရှိရုံး ကောက်ခံနေ
ဇူလိုင် 12, 2020
By 🌸
ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်သည့် မြန်မာလုပ်သားစာရင်းကို အလုပ်သမားသံအရာရှိရုံး ကောက်ခံနေ

ထိုင်းနိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ အရေးပေါ်အခြေအနေ ကြုံတွေ့ရပါက ကူညီနိုင်ရေးအတွက် အွန်လိုင်းမှ စာရင်းကောက်ယူနေခြင်းကို စာရင်းဖြည့်သွင်းကြရန် အလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအတွင်း ဆက်လက်ကျန်ရှိနေသည့် မြန်မာအလုပ်သမားများ၏ အလုပ်တည်နေရာ၊ အလုပ်အကိုင်အမျိုးအစား၊ ရရှိသည့် လုပ်ခလစာ၊ မြန်မာနိုင်ငံရှိနေရပ်လိပ်စာနှင့် အခြားအခြေခံအချက်အလက်များအား သိရှိနိုင်ရန်အပြင် ထိုင်းနိုင်ငံအတွင်း ခရိုင်နှင့်မြို့နယ်အလိုက်တွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ၏ အချက် အလက်များပေါ်မူတည်၍ အရေးပေါ်အခြေအနေများ ကြုံတွေ့ရသည့်အချိန် လိုအပ်သလို ကူညီ ဆောင်ရွက်နိုင်ရေးရည်ရွယ်သည်ဟု မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။

စာရင်းကောက်ခံခြင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့မှစ၍ ကောက်ယူနေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင်းမှ မြန်မာလုပ်သားများအနေဖြင့် http://moliponlinesurvey.com/ တွင် ဖြည့်သွင်းနိုင်ကြမည်ဖြစ်ပြီး မရှင်းလင်းသည့် အချက်အလက်များရှိပါက အလုပ်သမားသံအရာရှိများထံသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~