အစိုးရကျောင်းများတွင် အခမဲ့ကျောင်းအပ်လက်ခံပြီး သင်ထောက်ကူများ အခမဲ့ပံ့ပိုး

အစိုးရကျောင်းများတွင် အခမဲ့ကျောင်းအပ်လက်ခံပြီး သင်ထောက်ကူများ အခမဲ့ပံ့ပိုး
ဇူလိုင် 13, 2020
By Tachileik News Agency

အစိုးရကျောင်းများတွင် အခမဲ့ကျောင်းအပ်လက်ခံပြီး သင်ထောက်ကူများ အခမဲ့ပံ့ပိုး 

အခြေခံပညာအထက်တန်းများကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှ ဇူလိုင်လ (၁၇) ရက်နေ့ အထိ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ကျောင်းအပ်လက်ခံရာတွင် ကျောင်းများအနေဖြင့် မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက ကြေညာထားသည်။

၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းအပ်လက်ခံရာ၌ အခကြေးငွေကောက်ခံခြင်း၊ ငွေကြေး/လက်ဆောင်ပစ္စည်း လက်ခံခြင်းများ မပြုရန်၊ ကျောင်းဝတ်စုံ၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်စသည်တို့ အပါအဝင် မည်သည့်ပစ္စည်းမှ ရောင်းချခြင်းမပြုရန် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးသို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။

လက်ရှိတွင် အခြေခံပညာအထက်တန်းအဆင့်များဖြစ်သည့် Grade (11) (တက္ကသိုလ်ဝင်တန်း)နှင့် Grade (10) (နဝမတန်း) ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်နှံရေးသီတင်းပတ်ဖြင့် လက်ခံနေပြီး ဇူလိုင်လ (၂၁) ရက်နေ့၌ ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ကာ အခြေခံပညာ အလယ်တန်းအဆင့်များကို သြဂုတ်လ (၄) ရက်နေ့နှင့် မူလတန်းဆင့်များကို သြဂုတ်လ (၁၁)ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနက ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ  ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရျိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့ ဆောင်ပုဒ်ဖြင့် ကျောင်းအပ်သီတင်းပတ်စတင်နေခြင်းဖြစ်ပြီး COVID 19 ကာကွယ်ရေး နေ့စဉ်လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကျောင်းထွက်သူမရှိရေး၊ မူးယစ်ဆေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုပုံစံပြောင်းလဲရေး အသိပညာပေး၊ မျိုးဆက်ပွားကျန်းမာရေးအသိပညာပေးများကို မိဘများဖြင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ကျောင်းအုပ်၊ ဆရာ၊ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများအား ညွှန်ကြားထားသည်ကို တွေ့ရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~