မကွေးတိုင်းဒေသကြီးတွင် ယခင်နှစ်ကထက် လေပြင်းတိုက်ခတ်မှု အကြိမ်ရေ နှစ်ဆတိုးလာ

မကွေးတိုင်းဒေသကြီးတွင် ယခင်နှစ်ကထက် လေပြင်းတိုက်ခတ်မှု အကြိမ်ရေ နှစ်ဆတိုးလာ
ဇူလိုင် 12, 2020
By 🌸
မကွေးတိုင်းဒေသကြီးတွင် ယခင်နှစ်ကထက် လေပြင်းတိုက်ခတ်မှု အကြိမ်ရေ နှစ်ဆတိုးလာ

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအထိ လေပြင်းတိုက်ခတ်မှု အကြိမ်ရေမှာ ၂၀၁၉ ခုနှစ်ကထက် နှစ်ဆခန့်ရှိလာသဖြင့် လေဘေးသင့်လူဦးရေ (၁၁၅၄၃) ရှိခဲ့ကာ (၃)ဦး သေဆုံးခဲ့ရကြောင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။

“ဒီနှစ် ၂၀၂၀ ခုနှစ်မှာ ဒီနေ့အထိ လေပြင်းတိုက်ခတ်မှုအရေအတွက် (၁၄၃) ကြိမ်တိုက်ခတ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်က (၇၆) ကြိမ်သာတိုက်ခတ်ခဲ့တာကြောင့် ဒီနှစ်မှာ နှစ်ဆလောက်ပိုများလာပါတယ်”

ဟု မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမြင့်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၂)ရက်နေ့တွင် ပြောသည်။

မကွေးတိုင်းအတွင်း ၂၀၁၉ ခုနှစ်က လေပြင်းတိုက်ခတ်မှှုကြောင့် ပြိုကျလူနေအိမ် (၁၀၂) လုံး ၊ တစိတ်တစ်ပိုင်းပျက်ဆီးသည့် နေအိမ် (၂၁၀၃) လုံး ၊ ပျက်ဆီး သာသနိကအဆောက်အဦ (၄၃) လုံး ၊ ဘေးသင့်အိမ်ထောင်စု (၂၃၀၅) စုမှ လူဦးရေ (၉၂၅၉) ဦး ရှိခဲ့ပြီး လူ (၃) ဦး ဒဏ်ရာရကာ (၂) ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ်တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျလူနေအိမ် (၁၃၂) လုံး ၊ တစ်စိတ်တစ်ပိုင်းပျက်ဆီးသည့်နေအိမ် (၂၇၇၁) လုံး ၊ ပျက်ဆီးသာသနိကအဆောက်အဦ (၆၂) လုံး ၊ ဘေးသင့်အိမ်ထောင်စု (၂၉၀၈) စု ၊ လူဦးရေ (၁၁၅၄၃) ဦး ရှိခဲ့ပြီး လူ (၄)ဦး ဒဏ်ရာရကာ (၃)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ - သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~