ရေနံချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးမရသဖြင့် သီးနှံစိုက်ခင်းပျက်စီးခြင်းအပြင် နွားစာရှားပါးမှုပါ ကြုံနေရ

ရေနံချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးမရသဖြင့် သီးနှံစိုက်ခင်းပျက်စီးခြင်းအပြင် နွားစာရှားပါးမှုပါ ကြုံနေရ
ဇူလိုင် 23, 2020
By 🌸
ရေနံချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးမရသဖြင့် သီးနှံစိုက်ခင်းပျက်စီးခြင်းအပြင် နွားစာရှားပါးမှုပါ ကြုံနေရ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် မိုးမရသဖြင့် သီးနှံစိုက်ခင်းပျက်စီးမှုများအပြင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း နွားစာရှားပါးမှုဖြင့်ပါကြုံနေရကြောင်း သိရသည်။

“ရေနံချောင်းမြို့နယ်ထဲက ကျေးရွာတိုင်းလောက်ပါပဲ မိုးမရလို့ စိုက်ခင်းတွေရေငတ်တာ၊ ပိုးကျတာတွေကြောင့် သီးနှံတွေပျက်စီးပြီး လတ်တလော လူစာထက် နွားစာပြတ်လပ်မှုက ပိုအရေးကြီးနေပါတယ်။ ကျွန်တော်တို့ ကျွဲဘုတ်ရွာတစ်ရွာတည်းကိုပဲ နွားအကောင်ရေ (၄၀၀) လောက်ရှိနေပြီး နွားစာရိတ်နေကျ ချောက်တောတွေမှာလည်း ရိတ်စရာမရှိတော့လို့ ဆိုင်ကယ်နဲ့ အသွားအပြန် တစ်နာရီလောက် သွားရတဲ့နေရာတွေအထိ သွားရှာရိတ်နေရပါတယ်”

ဟု ကျွဲဘုတ်ရွာနေ တောင်သူ ဦးကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နွားစာလာရောက်လှူဒါန်းမှုအချို့ရှိနေသော်လည်း နွားစာလိုအပ်နေသည့် ဒေသများတွင် လုံလောက်မှုမရှိသေး၍ ဒေသခံများသည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိဘဲ နွားစာရှာဖွေခြင်းကို လုပ်ဆောင်နေရကြောင်း သိရသည်။

“ဟိုတစ်နေ့က ဖရဲကျွန်းကို သုံးဘီးနဲ့ စပါးရိုးသွားဝယ်တာ။ ဟိုက စပါးရိုးကို အလကားပေးကူညီတာတောင် သုံးဘီးခက နှစ်သောင်းခွဲကုန်တယ်။ အခုက ယာ မလုပ်နိုင်ဘူး။ နွားစာပဲ နေ့တိုင်း ထွက်ရှာနေရတယ်” 

ဟု ကျွဲဘုတ်ရွာဒေသခံ ဦးထွန်းက ပြောသည်။

ရေနံချောင်းမြို့နယ်အတွင်းရှိ ကုက္ကိုခွ(မကျီးရိုး) ၊ ကျွဲဘုတ် ၊ မုန်ကန် ၊ ကံလေးကုန်း၊ စမ်းကန်ကြီး ၊ သပွတ်စု ၊ ကမ္မ ၊ ဝါးရိုး ၊ ရွှေတုတ်ကန် ၊ မကျီးတိုင်း ၊ စိန်ပန်းပင်နှင့် ကြောင်ရှာတော စသည့်ကျေးရွာများတွင် နွားစာအခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ZYT


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~