ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားသံအရာရှိရုံးထံ စာရင်းပေးရမည်

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားသံအရာရှိရုံးထံ စာရင်းပေးရမည်
မေ 2, 2020
By Tachileik News Agency

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ အလုပ်သမားသံအရာရှိရုံးထံ စာရင်းပေးရမည်

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးတွင် လည်းကောင်း၊ မြောက်ပိုင်း ပြည်နယ် (၉)ခုတွင် အခြားအကြောင်းဖြင့် ရောက်နေသည့် နေရပ်ပြန်လိုသူများက ချင်းမိုင်ကောင်စစ်ဝန်ရုံးတွင်လည်းကောင်း စာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက နေရပ်ပြန်တွေကိစ္စနဲ့ပတ်သက်လို့ စုံစမ်းခိုင်းတဲ့အတွက် ထိုင်းလဝကကို မေးမြန်းကြည့်တော့ ဒီကိစ္စမှာ ထိုင်းနိုင်ငံ ဗန်ကောက်သံရုံးနဲ့ ချင်းမိုင်ကောင်စစ်ဝန်ရုံးက နာမည်စာရင်းကောက်တယ်။ အဲဒီနာမည်စာရင်းကောက်တဲ့ဟာတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ပို့မှာ။ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီနာမည်စာရင်းအတိုင်း နယ်စပ်ဒေသတွေကို ပြန်ချမှာ။ သဘောကတော့ မယ်ဆိုင် - တာချီလိတ်လမ်း သွားမယ့်သူ၊ မြဝတီ - မဲဆောက်လမ်းသွားမယ့်သူ ဆိုပြီး အဲဒီနာမည်စာရင်းအတိုင်း လွှတ်လာမှာ။ အဲဒါကိုမှ ဒီဘက်က လက်ခံပေးရမှာ။ အခုလတ်တလောတွေ့ရတာကတော့ ဒီဘက်မှာရောက်နေတဲ့ မြန်မာတစ်ချို့က အွန်လိုင်းကစာရင်းပေးတာ အခက်အခဲတော့ဖြစ်နေတယ်။ တစ်ချို့လည်း သူတို့နီးစပ်ရာအကူအညီတောင်း ဖြည့်ရတယ်လို့ ပြောတယ်

ဟု  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့တွင်  ပြောသည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ရောဂါတိုက်ဖျက်ကာကွယ်ရေး စီမံခန့်ခွဲမှုဗဟိုဌာန Center for COVID-19 Situation Administration(CCSA)က အရေးပေါ်အခြေအနေ ကြေငြာခြင်း၊ ညမထွက်ရအမိန့်နှင့်  ပြည်နယ်ဖြတ်ကျော် ခရီးသွားလာခြင်းတို့အား မေလ (၃၁)ရက်နေ့အထိ သက်တမ်း တိုးထားသည့်အတွက် နေရပ်ပြန်မြန်မာများ နယ်စပ်ဂိတ်များမှတစ်ဆင့် ဖြတ်သန်း သွားလာနိုင်ရေးအတွက် မြန်မာအစိုးရ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးထားသည့်အခြေအနေကို  ထိုင်းလဝကသို့ ဆက်သွယ်မေးမြန်းထားခြင်းဖြစ်ကြောင်း ဦးထွန်း (မယ်ဆိုင်)ထံမှ သိရသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မြန်မာအလုပ်သမားသံအရာရှိရုံးက အွန်လိုင်းမှ စာရင်းကောက်ယူနေရာ https://docs.google.com/forms/d/e/1FAIpQLSeEEoihOpUcyw_PVXAk-K7DwH3wiZiseO0hljMJliW7E7KBZw/viewform တွင် စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် အခက်အခဲရှိပါက အလုပ်သမားသံအရာရှိရုံး ဖုန်း 09 48845484 (ဘန်ကောက်)၊ 065 2206952 (ဘန်ကောက်)၊ 09 90592352 (ချင်းမိုင်)၊ 065 2206951 (ရနောင်း)၊ 065 2206953 (မဲဆောက်)၊ Call Center 062 6262143 တို့သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

ယင်းအပြင် အလုပ်လုပ်ကိုင်ရန်မဟုတ်ဘဲ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များတွ င် ဆေးကုသမှုခံယူရန်၊ အလည်အပတ်၊ ပညာသင်ကြား အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့်  ရောက်ရှိလျက်ရှိပြီး နေရပ်ပြန်လိုသည့် မြန်မာများအနေဖြင့် https://mcgchiangmai.org/covid19-relief-program.html တွင် ဝင်ရောက်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အွန်လိုင်းမှ စာရင်းပေးသွင်းရာတွင် နည်းပညာပိုင်းဆိုင်ရာအခက်အခဲရှိသူများအနေဖြင့် ရုံးပိတ်ရက်များမှအပ တနင်္လာနေ့မှ သောကြာနေ့အထိ ထိုင်းစံတော်ချိန် နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိလည်းကောင်း၊ နေ့လယ် (၁)နာရီခွဲမှ မွန်းလွဲ (၄)နာရီအထိလည်းကောင်း 052-004211 Ext 18 သို့ တယ်လီဖုန်းခေါ်ဆို၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~