ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် (၉)ခုမှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းလုပ်သားမဟုတ်သော မြန်မာများ အွန်လိုင်းမှ စာရင်းဖြည့်သွင်းရမည်

ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် (၉)ခုမှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းလုပ်သားမဟုတ်သော မြန်မာများ အွန်လိုင်းမှ စာရင်းဖြည့်သွင်းရမည်
မေ 1, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ် (၉)ခုမှ နေရပ်ပြန်လိုသည့် ရွှေ့ပြောင်းလုပ်သားမဟုတ်သော မြန်မာများ အွန်လိုင်းမှ စာရင်းဖြည့်သွင်းရမည်

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသအတွင်း၌ အလုပ် လုပ်ကိုင်ခြင်း မဟုတ်ဘဲ အခြားအကြောင်းများဖြင့်  ရောက်ရှိနေပြီး အခက်အခဲဖြစ်၍ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ချင်းမိုင်မြို့ရှိ  မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ အွန်လိုင်းမှ တဆင့် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဒီဘက်မှာ အရင်ကလို နှစ်နိုင်ငံညှိနှိုင်းပြီး တံတားဖွင့်လက်ခံလိုက်တာမျိုး မရတော့ဘူး။ သူတို့ပြန်ချင်ရင် ကောင်စစ်ဝန်ရုံးမှာ စာရင်းသွင်းရမယ်။ အဲဒီကမှ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ စာရင်းအရ ပြန်မယ့်လူတွေကို သူတို့အစီအစဉ်နဲ့ ပို့ပေးမှာ

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့၌ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်က နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ မယ်ဆိုင်သို့ရောက်လာပါက ထိုင်းလဝကတွင် စာရင်းကောက်ယူပြီး မြန်မာဘက်သို့ တင်ပြကာ နှစ်နိုင်ငံညှိနှိုင်းပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားမှတစ်ဆင့် တာချီလိတ်ဘက်သို့ ပြန်လည်လက်ခံခဲ့ခြင်းဖြစ်သည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေများဖြစ်သော ချင်းမိုင် ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင်ပြည်နယ်များတွင် ဆေးကုသမှုခံယူရန်၊ အလည်အပတ်၊ ပညာသင်ကြား အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလျက်ရှိပြီး ဆက်လက် နေထိုင်ရန် အမှန်တကယ်အခက်အခဲများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် https://mcgchiangmai.org/covid19-relief-program.html တွင် ဝင်ရောက်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်သူများအနေဖြင့်  မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော လူထုအခြေပြုကုသစောင့်ရှောက်မှုပေးခြင်း (Community Based Facility Quarantine)တွင် (၂၁) ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း (Home Quarantine) (၇) ရက်၊ စုစုပေါင်း (၂၈) ရက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ကိုလည်း အသိပေးထားသည်။
ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောက်ယူနေသည့်စာရင်းတွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

နည်းပညာပိုင်းဆိုင်ရာအခက်အခဲရှိသူများ အနေဖြင့် ရုံးပိတ်ရက်များမှအပ တနင်္လာနေ့မှ သောကြာနေ့အထိ ထိုင်းစံတော်ချိန် နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ လည်းကောင်း၊ နေ့လယ် (၁)နာရီခွဲမှ မွန်းလွဲ (၄)နာရီအထိ လည်းကောင်း 052-004211 Ext 18 သို့ တယ်လီဖုန်းခေါ်ဆို၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

စာရင်းသွင်းရန်

 https://mcgchiangmai.org/covid19-relief-program.html

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~