မယ်ဆိုင်မြို့တွင်း မီးခိုးမြူများ ဖုံးလွှမ်းနေသည့်အတွက် ချစ်ကြည်ရေးတံတားထိပ် မယ်ဆိုင်ဘက်တွင် မီးသတ်က ရေမှုန်ရေမွှား ပက်ဖြန်း

မယ်ဆိုင်မြို့တွင်း မီးခိုးမြူများ ဖုံးလွှမ်းနေသည့်အတွက် ချစ်ကြည်ရေးတံတားထိပ် မယ်ဆိုင်ဘက်တွင် မီးသတ်က ရေမှုန်ရေမွှား ပက်ဖြန်း
မတ် 14, 2020
By Tachileik News Agency
မယ်ဆိုင်မြို့တွင်း မီးခိုးမြူများ ဖုံးလွှမ်းနေသည့်အတွက် ချစ်ကြည်ရေးတံတားထိပ် မယ်ဆိုင်ဘက်တွင် မီးသတ်က ရေမှုန်ရေမွှား ပက်ဖြန်း

နယ်စပ်တစ်လျှောက် တောမီးခိုးများကြောင့် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် မီးခိုးမြူများ ဖုံးလွှမ်းနေလျက်ရှိရာ မယ်ဆိုင် မီးသတ်တပ်ဖွဲ့က မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ် မယ်ဆိုင်ဘက်တွင် ရေမှုန်ရေမွှား ပက်ဖြန်းနေသည်ကို တွေ့ရသည်။

မီးခိုးများ ဖုံးလွှမ်းနေသည့်အတွက် မယ်ဆိုင်မြို့တွင်း ရေပက်ဖြန်းခြင်း မယ်ဆိုင်မီးသတ်တပ်ဖွဲ့ နှင့် မယ်ဆိုင်စည်ပင်တို့က ၂၀၂၀ခုနှစ် မတ်လ(၁၁)ရက်နေ့က စ၍ ရေပက်ဖြန်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအတူ တာချီလိတ်ဘက်တွင်လည်း ခရိုင်မီးသတ်၊ အရန်မီးသတ် နှင့် သစ်တောဦးစီးဌာနတို့ကလည်း မတ်လ(၁၂)ရက်နေ့က စ၍ တာချီလိတ်မြို့တွင်း ရေပက်ဖြန်းနေသည်ကိုလည်း တွေ့ရသည်။

နှစ်စဉ် နွေရာသီအကြို နှင့် နွေရာသီကာလအတွင်း၌ နယ်စပ်တစ်လျှောက် တောမီးများကြောင့် မယ်ဆိုင် နှင့် တာချီလိတ် မြို့အတွင်း မီးခိုးမြူများ ဖုံးလွှမ်းလေ့ရှိသည်။

Tachileik News Agency
Photo: Mae Sai Fire Station


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~