ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးသည့် စကားလုံးအချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်

ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးသည့် စကားလုံးအချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးသည့် စကားလုံးအချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေး ဒုတိယနေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့က ဆွေးနွေးသည့် ကိုယ်စားလှယ်တစ်ဦး၏ စကားလုံးအချို့ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်လိုက်ကြောင်း သိရသည်။

ဆွေးနွေးခြင်း အစီအစဉ်ကို စတင်ဆောင်ရွက်ခြင်းမပြုမီ မနေ့က ကန့်ကွက်မှုရှိခဲ့တဲ့ ဦးစိုးသိန်း၊ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)နဲ့ ဦးကျော်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၈)တို့ရဲ့ဆွေးနွေးချက်များမှာ မှတ်တမ်းမှ နှုတ်ပယ်ရလောက်တဲ့စကားရပ်များ မတွေ့ရှိရပါ။ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ မက်မန်းမဲဆန္ဒနယ်ရဲ့ ဆွေးနွေးချက်များကို ပြန်လည်စိစစ်ခဲ့ရာမှာ အိမ်ထောင်ဖက် ရွေးချယ်မှုအရဆိုတဲ့ စကားရပ်ကစပြီး အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ စကားရပ်အထိ ဆွေးနွေးချက်များဟာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၁၉)၊ နည်းဥပဒေခွဲ (င)၊ (ဌ) တို့နဲ့ မညီညွတ်ကြောင်း စီစစ်တွေ့ရှိတဲ့အတွက် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ပြီးဖြစ်ကြောင်း အသိပေးကြေညာပါတယ်

ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးခွန်တီမြတ်က ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြောကြားသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးချိန်တွင် ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေးနှင့် မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးတို့ ဆွေးနွေးချက်များ၌ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် ညီညွှတ်မှုမရှိသဖြင့် အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်အချို့က ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပေးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမှုကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၂) ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၇) ဦးတို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~