ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်လက်ခံသည့် ဖုန်းနံပါတ်များ ၂၄ နာရီဖွင့်ထားသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးဆို

ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်လက်ခံသည့် ဖုန်းနံပါတ်များ ၂၄ နာရီဖွင့်ထားသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးဆို
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency

ရဲတပ်ဖွဲ့ထံ တိုင်ကြားချက်လက်ခံသည့် ဖုန်းနံပါတ်များ  ၂၄ နာရီဖွင့်ထားသည်ဟု ပြည်ထဲရေး ဒုဝန်ကြီးဆို

ရဲတပ်ဖွဲ့အနေဖြင့် တိုင်ကြားချက်လက်ခံသည့် တိုင်စာတယ်လီဖုန်း ၀၆၇-၃၄၁၂၄၄၄  နှင့် ၀၆၇-၃၄၁၂၂၂၂  တို့ကို (၂၄) နာရီဖွင့်ထားသည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် တိုင်စာလက်ခံသည့် ဖုန်းနံပါတ်များ ထုတ်ပြန်ထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြည်သူ့လွှတ်တော်တွင် ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့၌ ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ အများပြည်သူများ အလွယ်တကူ သိရှိဆက်သွယ် ဆောင်ရွက်နိုင်သော Complain Centre တစ်ခု ထူထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး (ခ) ဒေါ်မေစိုးက မေးမြန်းခဲ့ရာ ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်စာလက်ခံသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ နစ်နာသူများမှ ပေးပို့လာသည့် တိုင်ကြားချက်များ၊  ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် သတင်းပေးပို့ချက်များကို လက်ခံရယူ စိစစ်ဆောင်ရွက်ပေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေသည်။

လက်ခံရရှိသည့် တိုင်ကြားချက်များအပေါ်မူတည်၍ အချို့ကိစ္စရပ်များတွင် မှုခင်းတပ်ဖွဲ့အား သီးခြားတာဝန်ပေးအပ်၍ လည်းကောင်း၊ အဖွဲ့ဖွဲ့၍ စစ်ဆေးစေခြင်းဖြင့် လည်းကောင်း အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဖြေကြားသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~