နှစ်စဉ် အကျဉ်းသားလူငယ် ၄၀၀ ဦး သင်တန်းတက်နိုင်မည့် သက်မွေးသင်တန်းကျောင်းကို မန္တလေးဗဟိုအကျဉ်းထောင်တွင် စတင်ဖွင့်လှစ်

နှစ်စဉ် အကျဉ်းသားလူငယ် ၄၀၀ ဦး သင်တန်းတက်နိုင်မည့် သက်မွေးသင်တန်းကျောင်းကို မန္တလေးဗဟိုအကျဉ်းထောင်တွင် စတင်ဖွင့်လှစ်
ဇန်နဝါရီ 19, 2020
By Tachileik News Agency
နှစ်စဉ် အကျဉ်းသားလူငယ် ၄၀၀ ဦး သင်တန်းတက်နိုင်မည့် သက်မွေးသင်တန်းကျောင်းကို မန္တလေးဗဟိုအကျဉ်းထောင်တွင် စတင်ဖွင့်လှစ်

နှစ်စဉ် အကျဉ်းသားလူငယ် (၄၀၀) ဦးကို အသိအမှတ်ပြုလက်မှတ်ပံ့ပိုးပေးနိုင်မည့် သက်မွေးသင်တန်းကျောင်းကို မန္တလေးဗဟိုအကျဉ်းထောင်၌ ICRC ၏ အကူအညီဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

အဆိုပါ သင်တန်းမှ သင်တန်းဆင်းလူငယ်များ ပြန်လည်လွတ်မြောက်လာချိန်တွင် လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ဝင်ဆံ့နိုင်စေရန် စွန့်ဦးတီထွင်ဆောင်ရွက်နည်း သင်တန်းများကို မြန်မာစီးပွားစီမံအမှုဆောင်များအသင်းက သင်တန်းပေးမည်ဖြစ်ကြောင်း သိရသည်။

 “နှစ်ပေါင်းများစွာ အရေးကြီးသည့် လိုအပ်ချက်များဖြစ်သည့် သန့်ရှင်းသောရေ၊ မိလ္လာစနစ်တို့ ရရှိစေရန် လုပ်ဆောင်ပေးခဲ့ရာမှတဆင့် ဤလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ပညာရေး၊ မိသားစုအဆက်အသွယ်များ ပိုမိုရရှိစေရေးနှင့် အသက်မွေးအတတ်ပညာသင်တန်းများ စသည်တို့အပါအဝင် ပိုမိုကျယ်ပြန့်သည့်လုပ်ငန်းများကိုပါ ထပ်တိုးလုပ်ဆောင်လျက်ရှိပါသည်”

ဟု ICRC မြန်မာ၏ ဌာနေကိုယ်စားလှယ် Stephan Sakalian က ရှင်းလင်းပြောကြားသည်။

အဆိုပါ သက်မွေးသင်တန်းကျောင်းဖွင့်လှစ်ရေး ကူညီပံ့ပိုးပေးသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ( ICRC ) က အကျဉ်းဦးစီးဌာနနှင့် ပူးပေါင်းပြီး အကျဉ်းထောင်စနစ်များ ပြုပြင်ပြောင်းလဲရေးအတွက် ၁၉၉၉ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မန္တလေးဗဟိုအကျဉ်းထောင်ကို ရှေ့ပြေးစီမံကိန်းများလုပ်ဆောင်ရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ICRC က ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၂၄)ခုတွင် အကျဉ်းသား (၄၇,၀၀၀) ကျော်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

Tachileik News Agency
Photo: ICRC Myanmar
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~