တာချီလိတ်ခရိုင်အတွင်း ယခင်နှစ်ကလို မီးခိုးဖုံးလွှမ်းမှုမဖြစ်စေဖို့ စီစဉ်နေ

တာချီလိတ်ခရိုင်အတွင်း ယခင်နှစ်ကလို မီးခိုးဖုံးလွှမ်းမှုမဖြစ်စေဖို့ စီစဉ်နေ
ဒီဇင်ဘာ 24, 2019
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်ခရိုင်အတွင်း ယခင်နှစ်ကလို မီးခိုးဖုံးလွှမ်းမှုမဖြစ်စေဖို့ စီစဉ်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒေသသွင်းနဲ့ နိုင်ငံဖြတ်ကျော် မီးခိုးမြူ ပြသနာတွေ ဖြေရှင်းနိုင်ဖို့အတွက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီတွေ သီးခြားဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။

မီးခိုးမြူ ပြသာနာတွေဖြစ်ပေါ်လာရင် အသိပညာပေးမှုတွေ၊ လေထုတိုင်းတာရရှိမှုတွေကိုလည်း အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားဖို့ စီစဉ်ထားတယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

အဲ့ဒီလို တောမီးတွေနဲ့ တောင်ယာတွေမီးရှိုမှုတွေကို ဒီနှစ်မှာပိုပြီး ဆင်ဆင်ခြင်ခြင် လုပ်စေချင်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မှာကြားသွားပါတယ်။

မီးခိုးမြူပြသနာတွေဖြစ်လာရင် ပြည်နယ်အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဘတ်ဂျက်တောင်းခံဖို့ လမ်းညွှန်ထားတယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှ တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူပြသနာတွေဖြစ်ပွားခဲ့တဲ့အတွက် လေထုအရည်အသွေး တိုင်းတာရေးစက်တစ်လုံးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ချပေးခဲ့ပြီး ခရိုင်၊ မြို့နယ်အဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရုံးခန်းသစ်ကိုလည်း တည်ဆောက်ပေးခဲ့သလို တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနသို့ မီးသတ်ယာဉ် (၂) စီးကိုလည်း ပေးပို့ခဲ့ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~