ရေနံနှင့် သဘာဝဓါတ်ငွေ့၊ လျှပ်စစ်ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ထက်ဝက်ကျော် ဝင်ရောက်

ရေနံနှင့် သဘာဝဓါတ်ငွေ့၊ လျှပ်စစ်ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ထက်ဝက်ကျော် ဝင်ရောက်
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
ရေနံ၊ ဓါတ်ငွေ့နှင့်လျှပ်စစ်ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ထက်ဝက်ကျော် ဝင်ရောက်

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း အောက်တိုဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏအများဆုံးမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် လျှပ်စစ်ကဏ္ဍတို့ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြုပ်နှံမှုပမာဏ၏ ထက်ဝက်ကျော် ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၂၉) ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၅.၇၇) ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၄) ရာခိုင်နှုန်းအသီးသီး ရင်းနှီးမြုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်္ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~