တာချီလိတ်ရှိ တံတား(၂)ကနေ ထိုင်းနိုင်ငံကို ကျွန်းခွဲသားများ တတိယအကြိမ် တင်ဖို့နိုင်ရန် စီစဉ်

တာချီလိတ်ရှိ တံတား(၂)ကနေ ထိုင်းနိုင်ငံကို ကျွန်းခွဲသားများ တတိယအကြိမ် တင်ဖို့နိုင်ရန် စီစဉ်
ဒီဇင်ဘာ 25, 2019
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်ရှိ တံတား(၂)ကနေ ထိုင်းနိုင်ငံကို ကျွန်းခွဲသားများ တတိယအကြိမ် တင်ဖို့နိုင်ရန် စီစဉ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂) တံတားကနေ ထိုင်းနိုင်ငံကို ကျွန်းခွဲသားတွေကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တတိယအကြိမ်မြောက် တင်ပို့နိုင်ဖို့ စီစဉ်နေပါတယ်။

အဲ့လို တင်ပို့တဲ့အခါမှာ တစ်ကြိမ်ကို ကျွန်းခွဲသား တန်(၂၀၀) ပို့နိုင်ဖို့အတွက် ပဏာမစစ်ဆေးမှုတွေ လုပ်ဆောင်ထားပြီး ပြီလို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

အခုလို လုပ်တာဟာ လုပ်ငန်းရှင်လည်း အဆင်ပြေသလို နိုင်ငံတော်အတွက်လည်း အခွန်တွေအများကြီး ရကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးထွက်ပေါက်ကနေ ကျွန်းခွဲသားတွေကို  တင်ပို့ခွင့်အနေနဲ့ တာချီလိတ်မြို့က ပထမဆုံးရခဲ့တာဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောပါတယ်။

မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားကတဆင့် ကျွန်းသစ်ခွဲသားများတင်ပို့မှုကို ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ခွင့်ပြုခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဌာနဦးဌာန နဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့ ပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တရားဝင်ဖွဲ့စည်းပေးပြီး စစ်ဆေးမှုများလုပ်ဆောင်နေတာဖြစ်ပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~