လူသားစက်ရုပ်နှင့် စိတ်မြတ် တေးစီးရီးသစ်များ တာချီလိတ်မြို့တွင် မိတ်ဆက်

လူသားစက်ရုပ်နှင့် စိတ်မြတ် တေးစီးရီးသစ်များ တာချီလိတ်မြို့တွင် မိတ်ဆက်
ဒီဇင်ဘာ 25, 2019
By Tachileik News Agency

လူသားစက်ရုပ်နှင့် စိတ်မြတ် တေးစီးရီးသစ်များ တာချီလိတ်မြို့တွင် မိတ်ဆက်

အဆိုတော် ဟန်ထွန်း နှင့် အိုက်ထွန်း အပါအဝင် အဆိုတော် (၆)ဦးက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူသားစက်ရုပ်နှင့် စိတ်မြတ်တေးစီးရီးသစ် (၂)ခွေ မိတ်ဆက်ပွဲကို ရှမ်းရိုးမကွင်း အနောက်ဘက်ရှိ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ဝင်းတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့ညက ကျင်းပသည်။

အဆိုတော် ဟန်ထွန်း၊ အိုက်ထွန်း၊ နောင်လတ်၊ ထွဋ်ထွဋ်၊ လင်းလက်မျိုးထွဋ်နှင့် အယ်မာချိုတို့က သီဆိုဖျော်ဖြေမှုများနှင့်အတူ လူသားစက်ရုပ် တေးစီးရီးသစ်နှင့် စိတ်မြတ် တေးစီးရီးသစ်အခွေများကို ဝယ်ယူအားပေးသည့် ပရိတ်သတ်တို့ကို အမှတ်တရ လက်မှတ်ရေးထိုးပေးကြခြင်းဖြစ်သည်။

အဆိုတော် အိုက်ထွန်း၏ လူသားစက်ရုပ် တေးစီးရီးသစ်ကို ဒီဇင်ဘာလ (၁၄) ရက်နေ့က ဖြန့်ချိထားခြင်းဖြစ်ပြီး အဆိုတော်ဟန်ထွန်း ဖွဲ့စည်းထားသည့် ရှမ်းဂီတ FC ၏ စိတ်မြတ် တေးစီးရီးသစ်ကို ဒီဇင်ဘာလ (၁၅) ရက်နေ့မှစတင်၍ ဖြန့်ချိထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~