ထိုင္းႏိုင္ငံတြင္ အိမ္နီးခ်င္းမိန္းကေလးကို သတ္ၿပီးဆုိင္ကယ္ႏွင့္အတူ မီးရိႈ႕ပစ္ခဲ့သူအား အေလာင္းမွ DNA အရ က်ဴးလြန္သူကို ဖမ္းဆီးရမိ

ထိုင္းႏိုင္ငံတြင္ အိမ္နီးခ်င္းမိန္းကေလးကို သတ္ၿပီးဆုိင္ကယ္ႏွင့္အတူ မီးရိႈ႕ပစ္ခဲ့သူအား အေလာင္းမွ DNA အရ က်ဴးလြန္သူကို ဖမ္းဆီးရမိ
မေ 26, 2019
By Tachileik News Agency
ထုိင္းႏုိင္ငံတြင္ အိမ္နီးခ်င္း အသက္(၁၈)ႏွစ္အရြယ္ မိန္းကေလးကို လည္ပင္းညွစ္သတ္ၿပီး ဆုိင္ကယ္ႏွင့္အတူ မီးရိႈ႕ထားခဲ့သည့္ လူငယ္အား ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းဆဲန္ၿမိဳ႕ရိွေနအိမ္တြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

အဆိုပါ အသတ္ခံရသည့္ မိန္းကေလးမွာ ၂၀၁၉ ခုႏွစ္ ေမလ (၁၃)ရက္ေန႔ကတည္းက ေပ်ာက္ဆံုးသြားသျဖင့္ လူေပ်ာက္တိုင္ထားသူျဖစ္ၿပီး ခ်င္းဆဲန္ၿမိဳ႕ လမ္းေဘးၿခံဳအတြင္း ဆိုင္ကယ္တစ္စီးႏွင့္ မီးရိႈ႕ခံထားရသည့္ အေလာင္းအားေတြ႔ရိွရာမွ ရဲတပ္ဖြဲ႕က ေဖၚထုတ္ႏုိင္ခဲ့ၿပီး ေမလ (၂၅)ရက္ေန႔တြင္ သြားေရာက္ဖမ္းဆီးႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အေလာင္းအားေတြ႔ရၿပီးေနာက္ အဆိုပါမိန္းကေလး၏ ခင္ပြန္းျဖစ္သူႏွင့္ အျခားအမ်ိဳးသားတစ္ဦးတို႔အား ကနဦးတြင္ သံသယရိွခဲ့ေသာ္လည္း ၎တို႔ႏွစ္ဦးလံုးက လူသတ္မႈႏွင့္ပတ္သက္၍ သိရိွျခင္းမရိွေၾကာင္း ျငင္းဆိုခဲ့ၾကၿပီးေနာက္ အလာင္းမွေတြ႔ရသည့္ DNA စစ္ေဆးခ်က္ျဖင့္ အိမ္နီးခ်င္းျဖစ္သူ အသက္ (၂၇)ႏွစ္အရြယ္လူငယ္ကို ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိန္းကေလးအား လည္ပင္းညွစ္သတ္ကာ ေရႊဆြဲႀကိုးႏွင့္လက္စြပ္ကိုယူေဆာင္ခဲ့ၿပီး လူႏွင့္ဆုိင္ကယ္ကို ၿခံဳအတြင္းထည့္ကာ မီးရိႈ႕ခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~

ထိုင်းနိုင်ငံတွင် အိမ်နီးချင်း အသက်(၁၈)နှစ်အရွယ် မိန်းကလေးကို လည်ပင်းညှစ်သတ်ပြီး ဆိုင်ကယ်နှင့်အတူ မီးရှို့ထားခဲ့သည့် လူငယ်အား ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဆဲန်မြို့ရှိနေအိမ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါ အသတ်ခံရသည့် မိန်းကလေးမှာ ၂၀၁၉ ခုနှစ် မေလ (၁၃)ရက်နေ့ကတည်းက ပျောက်ဆုံးသွားသဖြင့် လူပျောက်တိုင်ထားသူဖြစ်ပြီး ချင်းဆဲန်မြို့ လမ်းဘေးခြုံအတွင်း ဆိုင်ကယ်တစ်စီးနှင့် မီးရှို့ခံထားရသည့် အလောင်းအားတွေ့ရှိရာမှ ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး မေလ (၂၅)ရက်နေ့တွင် သွားရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အလောင်းအားတွေ့ရပြီးနောက် အဆိုပါမိန်းကလေး၏ ခင်ပွန်းဖြစ်သူနှင့် အခြားအမျိုးသားတစ်ဦးတို့အား ကနဦးတွင် သံသယရှိခဲ့သော်လည်း၎င်းတို့နှစ်ဦးလုံးက လူသတ်မှုနှင့်ပတ်သက်၍ သိရှိခြင်းမရှိကြောင်း ငြင်းဆိုခဲ့ကြပြီးနောက် အလာင်းမှတွေ့ရသည့် DNA စစ်ဆေးချက်ဖြင့် အိမ်နီးချင်းဖြစ်သူ အသက် (၂၇)နှစ်အရွယ်လူငယ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိန်းကလေးအား လည်ပင်းညှစ်သတ်ကာ ရွှေဆွဲကြိုးနှင့်လက်စွပ်ကိုယူဆောင်ခဲ့ပြီး လူနှင့်ဆိုင်ကယ်ကို ခြုံအတွင်းထည့်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  ❂⊱