မိုင်းပျဉ်းမြို့နယ်အတွင်း ပျက်စီးယိုယွင်းနေသည့် နမ့်ပိန်းချောင်းကူးတံတားကို ပြုပြင်ပေးရန် စီစဉ်နေ

မိုင်းပျဉ်းမြို့နယ်အတွင်း ပျက်စီးယိုယွင်းနေသည့် နမ့်ပိန်းချောင်းကူးတံတားကို ပြုပြင်ပေးရန် စီစဉ်နေ
ဖေဖော်ဝါရီ 14, 2019
By Tachileik News Agency

မိုင်းပျဉ်းမြို့နယ်တွင်းရှိ နမ့်ပိန်းချောင်းကူးတံတားမှာ ချောင်းရေတိုက်စားမှုကြောင့် ရေလယ်တိုင်များ ပျက်စီးမှုများ ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ပြုပြင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေြး ပည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။

“မိုင်းပျဉ်းမြို့နယ်၊ ယမ်းခမ်း ကျေးရွာအုပ်စု၊ နားညောင်ကျေးရွာသို့ ဆက်သွယ်ထားသော တံတားသည့် နမ့်ပိန်းချောင်း ရေကြီးမှုကြောင့် တိမ်းစောင်းသွား၍ အဆိုပါတံတားအား ပြန်လည်ပြုပြင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်” မေးခွန်းကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က မေးမြန်းလိုက်ခြင်းဖြစ်သည်။

နမ့်ပိန်းချောင်းကူးတံတားမှာ ချောင်းရေတိုက်စားမှုကြောင့် ရေလယ်တိုင်များပျက်စီးမှု ဖြစ်ပေါ်နေမှုအပေါ် ပြုပြင်ရန် စီစဉ်နေပြီး တံတားအသစ်တည်ဆောက်ရန်မှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ငွေ တင်ပြ တောင်းခံပေးသွားမည် ဖြစ်ကြောင်း၊ အရှည် ပေ (၉၀) အကျယ် (၁၄) ပေ အမြင့် (၁၂) ပေရှိ နမ့်ပိန်းချောင်းကူး တံတားမှာ ချောင်းရေတိုက်စားမှုကြောင့် တံတားရေလယ်တိုင် အမှတ် (၂) နှင့် (၃) တို့မှာ ကျွံဝင်နိမ့်ကျခြင်း ဖြစ်ပေါ်ခဲ့ပြီး ကျန်ရှိသည့် ရေလယ်တိုင်နှင့် ကမ်းကပ်ခုံများ အပ်ကွဲကြောင်း ဖြစ်ပေါ်ခဲ့သဖြင့် တံတားသစ်တည်ဆောက်ရန်လိုအပ်နေပြီး လက်ရှိတွင် ပြုပြင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်အစိုးရအဖွဲ့ ဘဏ္ဍာငွေတွင် တောင်းခံပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီးေ ဆာင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၀ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပြန်လည်ဖြေကြားသွားခဲ့ခြင်း ဖြစ်သည်။

ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စု နားညောင်းကျေးရွာသို့ ဆက်သွယ်ထားပြီး ၂၀၁၅-၁၆ က ဆောက်ထားလုပ်ခဲ့သည့် နမ့်ပိန်းချောင်းကူး သံကူကွန်ကရစ်တံတားမှာ၂၀၁၈ သြဂုတ်လပိုင်းက (၂၃) ရက် နမ့်ပိန်းချောင်း တောင်ကျချောင်းရေကြောင့် တံတားကအောက်ခြေတိုင်တွေတိုက်စားပြီး ပြိုကျလုနီးပါး ဖြစ်နေပြီး အဆိုပါဒေသတွင် ရှမ်းတိုင်းရင်းသားလူမျိုး အများဆုံးနေထိုင်ပြီး၊ ပလောင် တိုင်းရင်းသားလူမျိုး၊ လားဟူ တိုင်းရင်းသားလူမျိုး၊ လွယ် တိုင်းရင်းသားလူမျိုးများ၊ ၀ တိုင်းရင်းသား စသည့်လူမျိုးများ နေထိုင်နေကြကြောင်း၊ လက်ရှိတွင် တံတားမှာ ပြိုကျပျက်စီးတော့မည့် အနေအထား ဖြစ်နေသဖြင့် တံတားသစ် တည်ဆောက်ရန်အတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး မည်နှင့် ဆောင်ရွက်ပေးနိုင်မှု မရှိပါက အဘယ့်အတွက်ကြောင့် ဆောင်ရွက် မပေးနိုင်သနည်းကို သိရှိလိုပါကြောင်း မိုင်းပျဉ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က မေးမြန်း ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိုင်းပျဉ်းမြို့နယ်တွင်းရှိ နမ့်ပိန်းချောင်းကူးတံတားမှာ ချောင်းရေတိုက်စားမှုကြောင့် ရေလယ်တိုင်များ ပျက်စီးမှုများ ဖြစ်ပေါ်နခြေင်းနှင့် ပတ်သက်၍ ပြုပြင်ရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးြ ပည်ထောင်စုဝန်ကြီးက ပြည်သူ့လွှတ်တော်အစည်းအေဝးတွင် ပြောကြားသွားခဲ့သည်။

“မိုင်းပျဉ်းမြို့နယ်၊ ယမ်းခမ်း ကျေးရွာအုပ်စု၊ နားညောင်ကျေးရွာသို့ ဆက်သွယ်ထားသော တံတားသည့် နမ့်ပိန်းချောင်း ရကြေီးမှုကြောင့် တိမ်းစောင်းသွား၍ အဆိုပါတံတားအား ပြန်လည်ပြုပြင် တည်ဆောက် ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်” မေးခွန်းကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအေဝးတွင် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က မေးမြန်းလိုက်ခြင်းဖြစ်သည်။

နမ့်ပိန်းချောင်းကူးတံတားမှာ ချောင်းရေတိုက်စားမှုကြောင့် ရေလယ်တိုင်များပျက်စီးမှု ဖြစ်ပေါ်နေမှုအပေါ် ပြုပြင်ရန် စီစဉ်နပြေီး တံတားအသစ်တည်ဆောက်ရန်မှာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ငွေ တင်ပြ တောင်းခံပေးသွားမည် ဖြစ်ကြောင်း၊ အရှည် ပေ (၉၀) အကျယ် (၁၄) ပေ အမြင့် (၁၂) ပေရှိ နမ့်ပိန်းချောင်းကူး တံတားမှာ ချောင်းရေတိုက်စားမှုကြောင့် တံတားရေလယ်တိုင် အမှတ် (၂) နှင့် (၃) တို့မှာ ကျွံဝင်နိမ့်ကျခြင်း ဖြစ်ပေါ်ခဲ့ပြီး ကျန်ရှိသည့် ရေလယ်တိုင်နှင့် ကမ်းကပ်ခုံများ အပ်ကွဲကြောင်း ဖြစ်ပေါ်ခဲ့သဖြင့် တံတားသစ်တည်ဆောက်ရန်လိုအပ်နပြေီး လက်ရှိတွင် ပြုပြင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် သံကူကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးရန် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်အစိုးရအဖွဲ့ ဘဏ္ဍာငွေတွင် တောင်းခံပြီး ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်ပြီးေ ဆာင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဝဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ပြန်လည်ဖြကြေားသွားခဲ့ခြင်း ဖြစ်သည်။

ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စု နားညောင်းကျေးရွာသို့ ဆက်သွယ်ထားပြီး ၂၀၁၅-၁၆ က ဆောက်ထားလုပ်ခဲ့သည့် နမ့်ပိန်းချောင်းကူး သံကူကွန်ကရစ်တံတားမှာ၂၀၁၈ သြဂုတ်လပိုင်းက (၂၃) ရက် နမ့်ပိန်းချောင်း တောင်ကျချောင်းရေကြောင့် တံတားကအောက်ခြေတိုင်တွေတိုက်စားပြီး ပြိုကျလုနီးပါး ဖြစ်နပြေီး အဆိုပါဒေသတွင် ရှမ်းတိုင်းရင်းသားလူမျိုး အများဆုံးနေထိုင်ပြီး၊ ပလောင် တိုင်းရင်းသားလူမျိုး၊ လားဟူ တိုင်းရင်းသားလူမျိုး၊ လွယ် တိုင်းရင်းသားလူမျိုးများ၊ ဝ တိုင်းရင်းသား စသည့်လူမျိုးများ နေထိုင်နကြေကြောင်း၊ လက်ရှိတွင် တံတားမှာ ပြိုကျပျက်စီးတော့မည့် အနေအထား ဖြစ်နေသဖြင့် တံတားသစ် တည်ဆောက်ရန်အတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး မည်နှင့် ဆောင်ရွက်ပေးနိုင်မှု မရှိပါက အဘယ့်အတွက်ကြောင့် ဆောင်ရွက် မပေးနိုင်သနည်းကို သိရှိလိုပါကြောင်း မိုင်းပျဉ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က မေးမြန်း ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်သူ့လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~