မိုင္းတုံၿမိဳ႕၌ ေတာင္က်ေခ်ာင္းေရတြင္ ေမ်ာပါလာသည့္အမိႈက္မ်ားေၾကာင့္ သက္တမ္း (၉)ႏွစ္ရိွ နမ့္တုံေခ်ာင္းကူးတံတားက်ဳိး

မိုင္းတုံၿမိဳ႕၌ ေတာင္က်ေခ်ာင္းေရတြင္ ေမ်ာပါလာသည့္အမိႈက္မ်ားေၾကာင့္ သက္တမ္း (၉)ႏွစ္ရိွ နမ့္တုံေခ်ာင္းကူးတံတားက်ဳိး
အောက်တိုဘာ 26, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းဆတ္ခရိုင္၊ မိုင္းတုံၿမိဳ႕၌  ေတာင္က်ေရတြင္ ေမ်ာပါလာသည့္ အမိႈက္၊ သစ္ကိုင္းမ်ားပိတ္ၿပီး ဝမ္မိုင္ရပ္ကြက္၊ ကမၼဌာန္းေက်ာင္းသြားလမ္းရိွ  နမ့္တံုေခ်ာင္းကူးတံတား ၿပိဳက်ပ်က္စီးသြားေၾကာင္း သိရသည္။

နမ့္တံုေခ်ာင္းကူးသစ္သားတံတား၏ ၿမိဳ႕မဘက္အျခမ္း ေပ(၂၀)ဝန္းက်င္ခန္႔မွာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၆) ရက္ေန႔ နံနက္ (၄) နာရီဝန္းက်င္က ၿပိဳက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

"မိုးသည္းတာေတာ့မဟုတ္ဘူး။ ေတာင္က်ေရနဲ႔အတူ အမိႈက္ေတြ၊ သစ္ကိုင္းေတြေမ်ာပါလာၿပီး တံတားမွာ လာခံလို႔  တံတားမခံႏိုင္ဘဲ က်ဳိးသြားတာပါ။ ကတၱရာလမ္းလည္း (၅)ေပေလာက္ ကၽြံက်သြားတယ္။ တစ္ျခားပ်က္စီးဆုံးရႈံးတာေတာ့ မရိွပါဘူး" ဟု တံတားအနီးရိွ ေနအိမ္မွ ေဒၚဝင္းဝင္းခိုင္က ေျပာသည္။

ပ်က္စီးသြားသည့္တံတားအေျခအေနကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနေအာင္ႏွင့္တာဝန္ရိွသူတို႔ သြားေရာက္စစ္ေဆးၿပီး အျမန္ဆံုးျပဳျပင္ႏုိင္ေရးအတြက္ ညိႇႏိႈင္းေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
အဆိုပါတံတားမွာ ၂၀၀၉ ခုႏွစ္က တည္ေဆာက္ထားသည့္ သစ္သားတံတားျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းတုံမြို့၌ တောင်ကျချောင်းရေတွင် မျောပါလာသည့်အမှိုက်များကြောင့် သက်တမ်း (၉)နှစ်ရှိ နမ့်တုံချောင်းကူးတံတားကျိုး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌  တောင်ကျရေတွင် မျောပါလာသည့် အမှိုက်၊ သစ်ကိုင်းများပိတ်ပြီး ဝမ်မိုင်ရပ်ကွက်၊ ကမ္မဌာန်းကျောင်းသွားလမ်းရှိ  နမ့်တုံချောင်းကူးတံတား ပြိုကျပျက်စီးသွားကြောင်း သိရသည်။

နမ့်တုံချောင်းကူးသစ်သားတံတား၏ မြို့မဘက်အခြမ်း ပေ(၂၀)ဝန်းကျင်ခန့်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ နံနက် (၄) နာရီဝန်းကျင်က ပြိုကျသွားခြင်းဖြစ်ကြောင်း သိရသည်။

"မိုးသည်းတာတော့မဟုတ်ဘူး။ တောင်ကျရေနဲ့အတူ အမှိုက်တွေ၊ သစ်ကိုင်းတွေမျောပါလာပြီး တံတားမှာ လာခံလို့  တံတားမခံနိုင်ဘဲ ကျိုးသွားတာပါ။ ကတ္တရာလမ်းလည်း (၅)ပေလောက် ကျွံကျသွားတယ်။ တစ်ခြားပျက်စီးဆုံးရှုံးတာတော့ မရှိပါဘူး" ဟု တံတားအနီးရှိ နေအိမ်မှ ဒေါ်ဝင်းဝင်းခိုင်က ပြောသည်။
ပျက်စီးသွားသည့်တံတားအခြေအနေကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့်တာဝန်ရှိသူတို့ သွားရောက်စစ်ဆေးပြီး အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါတံတားမှာ ၂၀၀၉ ခုနှစ်က တည်ဆောက်ထားသည့် သစ်သားတံတားဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~