“ေနာက္ႏွစ္ေတြမွာ အထြက္မ်ားမ်ားတိုးေအာင္စိုက္နိုင္ဖို႔ စိုက္ပ်ိဳးနည္းေတြ ေျပာင္းလဲမယ္။ မိရိုးဖလာအတိုင္း မဟုတ္ဘဲနဲ႕ နိုင္ငံတကာလို စိုက္ပ်ိဳးေနတဲ့ပံုစံေတြ စိုက္နိုင္ေအာင္ ဂ်ာမနီနိုင္ငံက ေထာက္ပံ့ကူညီသြားမွာပါ။ အခုလည္း ပူးေပါင္းေဆာင္ရြက္ေနတာက ဂ်ာမနီနိုင္ငံပါပဲ”ဟု ပင္းတယ လက္ဖက္အစုအဖြဲ႕ ဥကၠဌ ဦးလွေဘာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ရွမ္းျပည္နယ္အတြင္း လက္ဖက္အမ်ားဆံုး စိုက္ပ်ဳိးေသာၿမိဳ႕နယ္မ်ားတြင္ ပါဝင္သည့္ ပင္းတယၿမိဳ႕နယ္၏ လက္ဖက္စိုက္ဧက ရွစ္ေသာင္းေက်ာ္ရိွသည့္အနက္ ေအာ္ဂင္းနစ္စနစ္ျဖင့္ စိုက္ပ်ိဳးဧကႏွစ္ရာခန္႔ရိွေၾကာင္း သိရသည္။
“ပင္းတယမွာကေတာ့ အရင္ႏွစ္ကေတာ့ သိပ့္မေလ်ာ့ဘူး။ ဒီႏွစ္မွာ လက္ဖက္အထြက္နႈန္းက ေတာ္ ေတာ္ေလ်ာ့တယ္။ ထက္ဝက္ေလာက္ ေလ်ာ့က်သြားပါတယ္။ Green Tea လက္ဖက္ေျခာက္ကို ဂ်ာမနီကို တစ္တန္ခြဲပို႔ပါတယ္”ဟု ဦးလွေဘာ္က ေျပာသည္။
ပင္းတယေဒသထြက္ လက္ဖက္မ်ားကို အမ်ားအားျဖင့္ လက္ဖက္စိုထုတ္လုပ္ျခင္းျဖစ္ၿပီး ေနလွန္းေျခာက္ႏွင့္ Green Tea လည္း ထုတ္လုပ္ေၾကာင္း သိရသည္။
သတင္း #ႏိုႏို
ဓါတ္ပံု #ေနၿဖိဳးျမင့္
**********
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့နယ်၏ လက်ဖက်အထွက်နှုန်းလျော့နည်းသဖြင့် စိုက်ပျိုးနည်းစနစ် ပြောင်းလဲရန် ဂျာမနီနိုင်ငံ၏ အထောက်အပံ့ဖြင့် လာမည့်နှစ်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“နောက်နှစ်တွေမှာ အထွက်များများတိုးအောင်စိုက်နိုင်ဖို့ စိုက်ပျိုးနည်းတွေ ပြောင်းလဲမယ်။ မိရိုးဖလာအတိုင်း မဟုတ်ဘဲနဲ့ နိုင်ငံတကာလို စိုက်ပျိုးနေတဲ့ပုံစံတွေ စိုက်နိုင်အောင် ဂျာမနီနိုင်ငံက ထောက်ပံ့ကူညီသွားမှာပါ။ အခုလည်း ပူးပေါင်းဆောင်ရွက်နေတာက ဂျာမနီနိုင်ငံပါပဲ”ဟု ပင်းတယ လက်ဖက်အစုအဖွဲ့ ဥက္ကဌ ဦးလှဘော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်း လက်ဖက်အများဆုံး စိုက်ပျိုးသောမြို့နယ်များတွင် ပါဝင်သည့် ပင်းတယမြို့နယ်၏ လက်ဖက်စိုက်ဧက ရှစ်သောင်းကျော်ရှိသည့်အနက် အော်ဂင်းနစ်စနစ်ဖြင့် စိုက်ပျိုးဧကနှစ်ရာခန့်ရှိကြောင်း သိရသည်။
“ပင်းတယမှာကတော့ အရင်နှစ်ကတော့ သိပ့်မလျော့ဘူး။ ဒီနှစ်မှာ လက်ဖက်အထွက်နှုန်းက တော် တော်လျော့တယ်။ ထက်ဝက်လောက် လျော့ကျသွားပါတယ်။ Green Tea လက်ဖက်ခြောက်ကို ဂျာမနီကို တစ်တန်ခွဲပို့ပါတယ်”ဟု ဦးလှဘော်က ပြောသည်။
ပင်းတယဒေသထွက် လက်ဖက်များကို အများအားဖြင့် လက်ဖက်စိုထုတ်လုပ်ခြင်းဖြစ်ပြီး နေလှန်းခြောက်နှင့် Green Tea လည်း ထုတ်လုပ်ကြောင်း သိရသည်။
သတင်း #နိုနို
ဓါတ်ပုံ #နေဖြိုးမြင့်