တာချီလိတ်မြို့တွင် စိတ်ကြွဆေးအလုံး (၄၀၀)ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် စိတ်ကြွဆေးအလုံး (၄၀၀)ဖမ်းဆီးရမိ
ဧပြီ 9, 2012
By Tachileik News Agency
တာချီလိတ်မြို့တွင် မူးယစ်အထူးရဲတပ်ဖွဲ့မှ စိတ်နှင့်လူကို ပြောင်းလဲစေသော အများအခေါ် ရာမ/ရာဘ စိတ်ကြွဆေးများကို သောက်သုံး ရှုရှိုက်မှုများ၊ စိတ်ကြွဆေးကူးသန်းရောင်းဝယ်မှုများကို အထူးနိမ်နင်းနေလျက်ရှိရာ ၈.၄.၂၀၁၂ တွင် မူးယစ်ဆေးဝါးသတင်းအရ မြို့တွင်းလှည့်လည် ကင်းလှည့်နေစဉ် ဆန်ဆိုင်း(ခ)ရက်ကွက်၊ ဂေါက်ကွင်းလမ်း၊ EURO လက်ဖက်ရည်ဆိုင်အနီး လမ်းမပေါ်တွင် ၉.၄.၂၀၁၂ရက်နေ့ မနက် ၁၀:၃၀အချိန်ခန့်တွင် အမျိုးသမီး တစ်ဦးသည် EURO လက်ဖက်ရည်ဆိုင်ရှေ့လမ်းမပေါ် အနောက်ဘက်မှ အရှေ့ဘက်သို့ လမ်းလျှောက် လာနေစဉ် မသင်္ကာ၍ စစ်ဆေးရာ၌ ၎င်း ကိုင်ဆောင်ထားသော ပိုက်ဆံအိတ်ငယ်အတွင်းမှ အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါသည့် လိမ္မော်ရောင် စိတ်ကြွဆေးပြား (ရာဘ/ရာမ) (၄၀၀)ပြားကို တွေ့ရှိသိမ်းဆည်းရမိသည်။
{ဖမ်းဆီးသိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများ}

အရေအတွက် = အလုံး ၄၀၀
အလေးအချိန် = ၄၀ ဂရမ်ခန့်
ကာလတန်ဖိုး = ကျပ် (၁၁)သိန်းခန့်

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားနှင့်အတူ တရားခံအား သက်ဆိုင်ရာဌာနမှ ဖမ်းဆီးအရေးယူဆောင်ရွက်နေသည်ဟု သိရှိရပါသည်။
ကျေးဇူးတင်ပါသည်
Tachileik
www.tachileik.net