သော်တာဝင်းဆောက်လုပ်ရေးကုမ္မဏီမှ ဆောက်လုပ်လှူဒါန်းသော ကွန်ကရိခင်း ဗိုလ်ချုပ်လမ်းမကြီးဖွင့်ပွဲ

သော်တာဝင်းဆောက်လုပ်ရေးကုမ္မဏီမှ ဆောက်လုပ်လှူဒါန်းသော ကွန်ကရိခင်း ဗိုလ်ချုပ်လမ်းမကြီးဖွင့်ပွဲ
ဧပြီ 8, 2012
By Tachileik News Agency
ရှမ်းပြည်နယ်အစိုးရ၏ စီစဉ်ညွန်ကြားမှုဖြင့် သော်တာဝင်းဆောက်လုပ်ရေးကုမ္မဏီမှ ဆောက်လုပ်လှူဒါန်းထားခဲ့ပြီးသော တာချီလိတ်မြို့တွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးအား ကွန်ကရိခင်းအပြီး လမ်းသစ်ဖွဲ့အား ၈.၄.၂၀၁၂ ( တနင်္ဂနွေ့နေ့)တွင် ရှမ်းရိုးမကွင်းရှေ့တွင် ဖွင့်လှစ်ကျင်းပရာ ရှမ်းပြည်နယ်အစိုးရဝန်ကြီးများဖြစ်ကြသော ရှမ်းပြည်နယ်ဝန်ကြီးချုပ်(တောင်ကြီး) ဦးစပ်အောင်မြတ် ၊ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ စည်ပင်ဝန်ကြီးဦးတူးမောင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းတို့အပြင် သက်ဆိုင်ရာဌာနအသီးသီးနှင့် ဒေသခံတိုင်းရင်းသားများမှ လာရောက်၍ ဖွင့်လှစ်ခဲ့ကြပါသည်။
ဖဲကြိုးမဖြတ်မှီ.... ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ဖဲကြိုးဖြတ်အခမ်းအနား ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
ရှမ်းပြည်နယ်ဝန်ကြီးချုပ်(တောင်ကြီး) ဦးစပ်အောင်မြတ် ရောက်ရှိလာစဉ် ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အမှတ်တရဓါတ်ပုံ ရိုက်ကြစဉ်....
❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ အခါ၊ လာဟူး တိုင်းရင်းသားများ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦
အ.ထ.က တာချီလိတ်မှာ ဘင်ခရာ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦ ❦

ကွန်ကရိခင်းခဲ့ပြီးသော ဗိုလ်ချူပ်လမ်းမ၏အကျယ်အဝန်းနှင့် ကုန်ကျငွေ

  • အကျယ် = ပေ ၄၀ (တချို့နေရာများ၌ ပေ ၃၀ )
  • ထု (အထူ) = ၁၀လက်မ
  • လမ်းမအရှည် = ၄.၁၈မိုင်
  • ကုန်ကျငွေ = ကျပ်သန်းလေးထောင်

လမ်းမကြီးဟာ ကွန်ကရိခင်းခြင်းနှင့်အတူ တစ်ချို့နေရာများ၌ အချက်ပြမီးဝါလုံးများကိုတပ်ဆင်ပေးထားပါသည်။ လမ်းများမှာ ယခုအခါ ကွန်ကရိခင်းထားခြင်းကြောင့် ကောင်းမွန်လာခဲ့ပြီး ထိုင်းနိုင်ငံမှတဆင့် လာရောက်လည်ပတ်သော နိုင်ငံခြားသားများအနေဖြင့်လည်း ယခင်ကလို လမ်းဆိုးတာများနဲ့မကြုံတော့ပဲ လမ်းကောင်းလာသောကြောင့် ချီးကျူးဖွယ်တစ်ခုဖြစ်လာပါတော့မည်။ တာချီလိတ်ဗိုလ်ချုပ်လမ်းမကြီးအား ကောင်းမွန်လာရန်အတွက် ညွန်ကြား၊ လုပ်ဆောင်ခဲ့ကြသော သက်ဆိုင်ရာများနှင့် သော်တာဝင်းဆောက်လုပ်ရေးကုမ္မဏီအား ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကျေးဇူးတင်ပါသည် Tachileik www.tachileik.net

ပုံများကို ပြည့်စုံစွာကြည့်ရန်