လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရသဖြင့် ထိတွေ့သူ (၄)ဦးကိုလည်း Quarantine ပို့ထား

လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရသဖြင့် ထိတွေ့သူ (၄)ဦးကိုလည်း Quarantine ပို့ထား
နိုဝင်ဘာ 14, 2020
By 🌸
လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းရှိ ယာဉ်မောင်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရသဖြင့် ထိတွေ့သူ (၄)ဦးကိုလည်း Quarantine ပို့ထား
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဝါရီကောခူ အထကကျောင်းဝန်းရှိ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ရန်ကုန်မှ ဝင်ရောက်လာသော ယာဉ်မောင်းတစ်ဦး၌ Covid-19 ရောဂါပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့က စစ်ဆေးတွေ့ရှိရသည်။
" ဟုတ်ပါတယ်။ ကားသမားပါခင်ဗျ။ ဝါရီကောခူဂိတ်မှာ ဒီနေ့ (၁၉၂) ဦးစစ်တာ တစ်ယောက်က ပိုးတွေ့တယ်ခင်ဗျ။ သူက ရန်ကုန်ကားဆွဲနေတာပေါ့ ။ ရန်ကုန်ကနေ လာတာပါ။ ခု လွိုင်ကော်ဆေးရုံကြီးကို ပို့ထားပါတယ်။ ကျန်းမာရေးကောင်းပါတယ်။ " ဟု ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွိုင်ကော်မြို့နယ်၊ ဝါရီကောခူ အထက်တန်းကျောင်းဝန်း၌ ဖွင့်လှစ်ထားသည့် ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် နိုဝင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းမှစ၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၉၂) ဦးအား RDT Test Kit ဖြင့် Covid-19 ရောဂါပိုး စစ်ဆေးခဲ့ရာ ရန်ကုန်မှဝင်ရောက်လာသော ယာဉ်မောင်းတစ်ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အဆိုပါ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူအမျိုးသား (၄) ဦးမှာ ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသော်လည်း လွိုင်ကော်မြို့ န.တ.လကျောင်း Quarantine Center သို့ ပို့ဆောင်ထားကြောင်း သိရသည်။ 
ကယားပြည်နယ်တွင် Covid-19 အတည်ပြုလူနာ (၁၂) ဦးရှိလာပြီဖြစ်ပြီး (၉)ဦးမှာ ပိုးကင်းစင်၍ ဆေးရုံဆင်းသွားပြီဖြစ်သည်။
ဒီးမော့ဆိုမြို့ ပြည်သူ့ဆေးရုံတွင် (၁) ဦးနှင့် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ပိုးတွေ့လူနာအပါအဝင် (၂)ဦး  စုစုပေါင်း လူနာ (၃)ဦးတို့အား သီးခြားစောင့်ကြပ်ကုသပေးလျှက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~