၂၀၂၀ခုနှစ်၏ ဆယ်တန်း အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန Website များတွင် သြဂုတ်လ (၉)ရက်နေ့ နံနက် (၀၀:၃၀) မှစ၍ ထုတ်ပြန်ထားမည်

၂၀၂၀ခုနှစ်၏ ဆယ်တန်း အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန Website များတွင် သြဂုတ်လ (၉)ရက်နေ့ နံနက် (၀၀:၃၀) မှစ၍ ထုတ်ပြန်ထားမည်
သြဂုတ် 1, 2020
By Tachileik News Agency
၂၀၂၀ခုနှစ်၏ ဆယ်တန်း အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန Website များတွင် သြဂုတ်လ (၉)ရက်နေ့ နံနက် (၀၀:၃၀) မှစ၍ ထုတ်ပြန်ထားမည်

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန၏ website တွင် သြဂုတ်လ (၉) ရက်နေ့အကူး နံနက် (၀၀:၃၀) နာရီမှစ၍ ထုတ်ပြန်ထားမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယခင်နှစ်များကကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံညာအထက်တန်းကျောင်းများတွင် လုံးဝကပ်ထားခြင်း မပြုတော့ဘဲ ပညာရေးဝန်ကြီးဌာန၏ website ၊ သတင်းစာများနှင့် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များမှ ထုတ်ပြန်ပေးသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာကျောင်းအသီးသီး၏ အောင်စာရင်းများ သိရှိစေရေးအတွက် အောင်စာရင်းများကို အီးမေးလ်များ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်စာရင်းများ ထုတ်ပြန်ရာတွင် COVID 19 ကာကွယ်ရေးအစီအမံများဖြင့် ထုတ်ပြန်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းစီမံဆောင်ရွက်ရေးအတွက် ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဇူလိုင်လ (၂၄)ရက်နေ့ နေ့စွဲဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ တင်ပြထားကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန Website များ

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~