ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် တင်သွင်းအဆို ရှုံးနိမ့်

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် တင်သွင်းအဆို ရှုံးနိမ့်
ဇွန် 1, 2020
By Tachileik News Agency
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အား တာဝန်မှ ရုပ်သိမ်းရန် တင်သွင်းအဆို ရှုံးနိမ့်

ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှရုပ်သိမ်းရန်အဆိုကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၌ ကျင်းပသည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ (၂၄၃)မဲ၊  ထောက်ခံမဲ (၁၃၂)မဲဖြင့် ရှုံးနိမ့်သွားသည်။

အဆိုအား ထောက်ခံမဲ (၁၃၂)မဲရှိတဲ့အတွက် ကတိသစ္စာပြုပြီး လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး သုံးပုံနှစ်ပုံက ထောက်ခံခြင်း မရှိတဲ့အတွက် နည်းဥပဒေ ၁၁၉၊ နည်းဥပဒေခွဲ (က)အရ ယခုအဆိုကို အရေးယူဆောင်ရွက်ရန် မရှိကြောင်း ကြေညာပါတယ်

ဟု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဌ ဦးထွန်းထွန်းဟိန်က လွှတ်တော်တွင် ကြေညာသည်။

မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၃၉၅)ဦးရှိသည့်အနက် အဆိုအား ထောက်ခံမဲ (၁၃၂)မဲ၊ ကန့်ကွက်မဲ (၂၄၃)မဲ၊ ကြားနေမဲ (၅)မဲနှင့် မဲမပေးသူ (၁၅)ဦးရှိခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၇ အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအား တာဝန်မှ ရုပ်သိမ်းရန်အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၏ လေးပုံတစ်ပုံဖြစ်သည့် ကိုယ်စားလှယ် (၁၁၀) ဦးက လက်မှတ်ရေးထိုး၍ မေလ (၂၈) ရက်နေ့က ကျင်းပသော  ပြည်သူ့လွှတ်တော်တွင် မိုင်းပျဉ်းမြို့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အဆိုတင်သွင်းထားခြင်းဖြစ်သည်။

ယင်းအဆိုအား ဇွန်လ (၁)ရက်နေ့က မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ထန်းတပင်မဲဆန္ဒနယ်မှ ဦးနေမျိုးထွန်း၊ နမ့်စန် မဲဆန္ဒနယ်မှ  ဦးဌေးလွင်(ခ)ဦးဒီလုံး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝင်းမိုး၊ ဒေါပုံ မဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊  ၊ ဘောလခဲ မဲဆန္ဒနယ်မှ ဦးအေးမောင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးသိမ့်သိင်္ဂီထွေးအောင်၊  ရန်ကင်း မဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၊  အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်း၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်သက်ထွန်းအောင်၊ မင်းတပ် မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ၊ ပြည် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်ရဲနိုင်မျိုး၊ ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ဦးရည်မွန်(ခ)မောင်တင်သစ်နှင့် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးတို့က ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~