သင်သိပါသလား စည်းကမ်းမဲ့ ကွမ်းတံတွေးတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ပျံ့နှံ့ကူးစက်နိုင်တယ်ဆိုတာ...

သင်သိပါသလား စည်းကမ်းမဲ့ ကွမ်းတံတွေးတွေကြောင့် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ပျံ့နှံ့ကူးစက်နိုင်တယ်ဆိုတာ...
ဇွန် 23, 2020
By Tachileik News Agency

COVID-19 ကိုကာကွယ်ရန် စည်းကမ်းမဲ့ သလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို ရှောင်ကြဉ်ပါ

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူက နှာချေ၊ ချောင်းဆိုး၊ စကားပြောရာကနေ ထွက်လာတဲ့ တံတွေးအစက်အမှုန်တွေ တင်ကျန်နေတဲ့ အရာဝတ္ထုတွေကို ကိုင်တွယ်မိတဲ့လက်ကနေတစ်ဆင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်မိရာကနေ ဗိုင်းရပ်စ် ကူးစက်ခံရနိုင်ပါတယ်။

ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့ကာလမှာ မသန့်ရှင်းတဲ့ ကွမ်းယာခုံတွေ၊ ကွမ်းယာ ယာသူရဲ့ လက်ကနေတစ်ဆင့်  ကွမ်းယာစားသူတွေဆီကို ဗိုင်းရပ်စ်ကူးစက်နိုင်သလို စည်းကမ်းမဲ့ ကွမ်းတံတွေးကြောင့်လည်း ဗိုင်းရပ်စ်ဖြန့်ဖြူးသလို ဖြစ်နိုင်တယ်လို့ ကျန်းမာရေးဦးစီးဌာနက သတိပေးထားပါတယ်။

အကယ်၍ ကိုရိုနာဗိုင်းရပ်စ် ကပ်ညိနေတဲ့ကွမ်းယာကို စားမိသူကဖြစ်စေ ဗိုင်းရပ်စ်ပိုးရှိနေသူကဖြစ်စေ ကွမ်းတံတွေးထွေးထုတ်လိုက်တဲ့အခါ ဗိုင်းရပ်စ်တွေ အမြောက်အများပါသွားမှာဖြစ်ပါတယ်

ဒီလို စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးထုတ်ထားတဲ့မြေပြင်ကို ဖြတ်လျှောက်မိသူတစ်ဦးက သူ့အိမ်၊ သူ့မိသားစုဆီကို မထင်မှတ်ဘဲ ဗိုင်းရပ်စ်တွေ သယ်ဆောင်သွားသူဖြစ်နိုင်ပါတယ်။

အဲ့ဒါကြောင့် COVID-19 ကိုကာကွယ်ဖို့ စည်းကမ်းမဲ့  ကွမ်းတံတွေး ထွေးခြင်းတွေကို သတိပြုကာ ရှောင်ကြဉ်ကြပါစို့...

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~