လုပ်ခလစာ မပေးဘဲ ခြိမ်းခြောက် ခိုင်းစေခံနေရသည့် ထိုင်ဝမ်ဆိပ်ကမ်းမှ မြန်မာသင်္ဘောသား (၅) ဦး မြန်မာသံရုံးသို့ အကူအညီတောင်းခံ

လုပ်ခလစာ မပေးဘဲ ခြိမ်းခြောက် ခိုင်းစေခံနေရသည့် ထိုင်ဝမ်ဆိပ်ကမ်းမှ မြန်မာသင်္ဘောသား (၅) ဦး မြန်မာသံရုံးသို့ အကူအညီတောင်းခံ
ဇွန် 9, 2020
By Tachileik News Agency

လုပ်ခလစာ မပေးဘဲ ခြိမ်းခြောက် ခိုင်းစေခံနေရသည့်  ထိုင်ဝမ်ဆိပ်ကမ်းမှ မြန်မာသင်္ဘောသား (၅) ဦး မြန်မာသံရုံးသို့ အကူအညီတောင်းခံ

ထိုင်ဝမ်ဒေသ ကောင်းရှုံဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား (၅)ဦးမှာ လုပ်ခလစာမရဘဲ တရားဥပဒေနှင့်ငြိစွန်းသည့်လုပ်ငန်းများကို ခြိမ်းခြောက်ခိုင်းစေခံနေရသဖြင့် တရုတ်နိုင်ငံ၊ ပေကျင်းရှိ မြန်မာသံရုံးထံ ဆက်သွယ်လာ၍ ကူညီဆောင်ရွက်ပေးနေကြောင်း သံရုံးက ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့က သတင်းထုတ်ပြန်သည်။

ထိုင်ဝမ်ဒေသ၊  ကောင်းရှုံဆိပ်ကမ်း(Kao-hsiung)တွင် ဆိုက်ကပ်ထားသည့် M.V Shun Xin 86 သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသင်္ဘောသား (၅) ဦးသည် လုပ်ခလစာ မရသည်မှာ (၆) လခန့်ရှိနေပြီး တရားဥပဒေနှင့် ငြိစွန်းသောလုပ်ငန်းများကို ခြိမ်းခြောက်ခိုင်းစေခံရသဖြင့် သင်္ဘောပေါ်တွင် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့၍ အကူအညီပေးရန် ပေကျင်းရှိ မြန်မာသံရုံးထံ ဆက်သွယ်လာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးတာဝန်ရှိသူက အဆိုပါ သင်္ဘောမှ မြန်မာသင်္ဘော ကပ္ပတိန်ထံ တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား (၅) ဦးနှင့် တရုတ်သင်္ဘောသား (၅) ဦး တာဝန်ထမ်းဆောင်နေပြီး COVID-19 ဖြစ်ပွားမှုကြောင့် ကုန်ပစ္စည်းများ တင်ပို့ရခြင်းမရှိဘဲ ဧပြီလ (၂၃) ရက်နေ့မှစတင်ပြီး ထိုင်ဝမ်၊ ကောင်းရှုံဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခြင်းဖြစ်သည်ကို စုံစမ်းသိရှိရကြောင်း သိရသည်။

အဆိုပါ သင်္ဘောပေါ်မှ မြန်မာသင်္ဘောသားများက ခံစားခွင့်ရှိသည့် လုပ်ခလစာများ ရလိုပြီး နေရပ်ပြန်လိုကြောင်း မြန်မာသံရုံးထံ တင်ပြလာသဖြင့် ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် ထိုင်ဝမ်ရှိ သင်္ဘောပိုင်ရှင်နှင့် မြန်မာနိုင်ငံရှိ SRPS ကုမ္ပဏီတို့သို့ ဆက်သွယ်၍ ညှိနှိုင်းဆောင်ရွက်ပေးနေပြီး မြန်မာသင်္ဘောသားများနှင့်လည်း အဆက်အသွယ်ရရှိထားကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~