မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ၀ှက်ထားသည့် WFP အမှတ် တံဆိပ်ပါ စားနပ်ရိက္ခာများ သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ၀ှက်ထားသည့် WFP အမှတ် တံဆိပ်ပါ စားနပ်ရိက္ခာများ သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်
မေ 6, 2020
By Tachileik News Agency
 မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ၀ှက်ထားသည့် WFP အမှတ် တံဆိပ်ပါ စားနပ်ရိက္ခာများ သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း  မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသဖြစ်သည့် ခမောင်းဆိပ်ကျေးရွာအနီးတွင် WFP အမှတ်တံဆိပ်ပါသည့် စားနပ်ရိက္ခာများ ဝှက်ထားသည်ကို ၂၀၂၀ ခုနှစ်၊ မေလ (၆)ရက်နေ့ နံနက်ပိုင်း၌ သိမ်းဆည်းရမိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် လုံခြုံရေးကင်းလှည့်စဉ် နံနက် (၇)နာရီဝန်းကျင်၌  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင်အမှတ်၊ ဘီပီ (၄၀) နှင့် (၄၁) ကြား မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာတွင် ချုံပုတ်တစ်ခုအတွင်း မိုးကာစအမည်းရောင်ဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် (၁၆) လုံးအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအိတ်များအား စစ်ဆေးရာ WFP တံဆိပ်ပါ ပဲနီလေး (၄၈) ထုပ်၊ WFP တံဆိပ်ပါဆီ (၂) လီတာဆံ့ဗူး (၁၀) ဘူးနှင့် (၃) လီတာဆံ့ဗူး (၁၂) ဘူး၊ ဆားတစ်အိတ်လျှင် ၃ ပိဿာခန့်ပါ (၂) အိတ်၊ နနွင်းမှုန့် တစ်ထုပ်လျှင် (၁) ပိဿာခန့်ပါ (၅၅) ထုပ်၊ အရောင်တင်မှုန့်တစ်ထုပ်လျှင် (၂) ပိဿာခန့်ပါ (၁၉) ထုပ်၊ Hi Speed   ခြင်ဆေးခွေ (၁၈၂) ဘူးတို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ခမောင်းဆိပ်ကျေးရွာ၏ အနောက်ဘက် မီတာ (၂၅၀၀) ခန့်အကွာရှိ တဲနှစ်လုံးအတွင်းတွင်လည်း  ဧပြီလ (၈) ရက်နေ့က  ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများ သိုဝှက်ထားသော (၅.၅၆) ကျည် (၁၀) တောင့်၊ လမ်းလျှောက်စကားပြောစက် (၁) လုံး၊ ပြောက်ကျားဝတ်စုံ (၁) စုံ၊ လည်တိုဖိနပ် (၂) ရံ၊ WFP တံဆိပ်ပါဆန် (၆) အိတ်၊ WFP တံဆိပ်ပါ (၁) လီတာဆံ့ ဆီဘူး (၄၀) ဘူး၊ အာလူး (၁) အိတ်၊ ဆေးမျိုးစုံ (၁) အိတ်၊ လက်ကိုင်ဖုန်း (၁) လုံး၊ မှန်ပြောင်း (၁) လက်၊ ပလတ်စတစ်အိတ် (၅၀) အိတ်၊ တစ်ဖက်နိုင်ငံဒုက္ခသည်စခန်းများတွင်  UNHCR မှ ထုတ်ပေးထားသည့် ကတ်ပြား (၁) ခုတို့ကို သိမ်းဆည်းရမိသည်ဟု သတင်းထုတ်ပြန်ထားသည်။

ယင်းနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက်လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား ARSA  နှင့်ပတ်သက်ဆက်နွယ်နေသူ (၂) ဦးအား ဒေသန္တရ လက်လုပ် မိုင်း (၁) လုံး၊ မိုင်းပြုလုပ်ရာအသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဧပြီလ (၂၉) ရက်နံနက်ပိုင်းတွင် အသေဖမ်းမိခဲ့ပြီး မေလ (၂)ရက်နေ့တွင် ဘီပီ (၄၁) အနီး နယ်စပ် ခြံစည်းရိုးတစ်လျှောက်လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအား  ARSA  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~