အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နယ်မြေများမှ အပ ကျန်နယ်မြေများတွင် ဩဂုတ်လ(၃၁)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်ကြေညာ

အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နယ်မြေများမှ အပ ကျန်နယ်မြေများတွင် ဩဂုတ်လ(၃၁)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်ကြေညာ
မေ 9, 2020
By Tachileik News Agency

အကြမ်းဖက် အဖွဲ့အစည်းများရှိသည့် နယ်မြေများမှ အပ ကျန်နယ်မြေများတွင် ဩဂုတ်လ(၃၁)ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်ကြေညာ

နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်  နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ပြည့်နှစ်၊ မေလ(၁၀) ရက်မှ သြဂုတ်လ (၃၁) ရက်နေ့အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်က မေလ (၉)ရက်နေ့၌ ကြေညာသည်။

ယင်းကဲ့သို့ တပ်မတော်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားသည့် ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အနေဖြင့်

  •  သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ 
  • ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ 
  • ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် 
  • နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် 

လိုအပ်သည်ဟု တပ်မတော်က တိုက်တွန်းသည်။

ယင်းအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ခိုက်ခြင်းနှင့် ဒေသခံများအပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရေး၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကို လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကို လည်း ကောင်း ထိခိုက်မှုမဖြစ်စေရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တာဝန်ယူရမည်ဟုလည်း တိုက်တွန်းထားသည်။

အဆိုပါ ထုတ်ပြန်ချက်များကို ဖေါက်ဖျက်ပါက တပ်မတော်အနေဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများရှိနေသည့်  AA အဖွဲ့ကို မတရားအသင်းများအက်ဥပဒေအရ မတရားအသင်းအဖြစ်လည်းကောင်း AA /ULA အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အကြမ်းဖက်အသင်းအဖြစ်လည်းကောင်း မတ်လ (၂၃)ရက်နေ့၌ အစိုးရက သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
( ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~