Air KBZ က ဧပြီ (၁၉)မှ ဧပြီလ(၃၀)ရက်နေ့ အတွင်း ခရီးစဉ်အချို့ ပျံသန်းပြေးဆွဲမည်

Air KBZ က ဧပြီ (၁၉)မှ ဧပြီလ(၃၀)ရက်နေ့ အတွင်း ခရီးစဉ်အချို့ ပျံသန်းပြေးဆွဲမည်
ဧပြီ 18, 2020
By Tachileik News Agency
Air KBZ က ဧပြီ (၁၉)မှ ဧပြီလ(၃၀)ရက်နေ့ အတွင်း ခရီးစဉ်အချို့ ပျံသန်းပြေးဆွဲမည်

နိုင်ငံပိုင်လေကြောင်းလိုင်းအပါအဝင် ပြည်တွင်းလေကြောင်းလိုင်းများက ဧပြီလ (၃၀)ရက်နေ့အထိ ခရီးစဉ်များ ရပ်နားထားသော်လည်း Air KBZ က ပြည်တွင်းခရီးစဉ်အချို့ကို ဆက်လက်ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့ ညပိုင်းတွင် အသိပေးကြေငြာထားသည်။

Air KBZ က ရန်ကုန် - မြိတ်-ရန်ကုန် ခရီးစဉ်၊ ရန်ကုန် - မန္တလေး -ဟဲဟိုး - တာချီလိတ်- ဟဲဟိုး - မန္တလေး -ရန်ကုန် ခရီးစဉ်နှင့် ရန်ကုန် - စစ်တွေ- ရန်ကုန် ခရီးစဉ်များကို ဧပြီလ (၁၉)ရက်၊ ဧပြီလ (၂၃)ရက်နှင့် (၂၉)ရက်နေ့များတွင် တစ်နေ့တစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - လားရှိုး -ဟဲဟိုး-ရန်ကုန်ခရီးစဉ်နှင့် ရန်ကုန် - မန္တလေး - မြစ်ကြီးနား-မန္တလေး-ရန်ကုန်ခရီးစဉ်များကို ဧပြီလ (၁၉)ရက်နေ့တစ်ရက်တွင် ခရီးစဉ်တစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - ထားဝယ် - ရန်ကုန် ခရီးစဉ်ကို ဧပြီလ (၂၀)၊ (၂၂)၊ (၂၄)၊ (၂၇)နှင့် (၂၉)ရက်နေ့များတွင် မနက်တစ်ကြိမ်၊ ညနေပိုင်းတစ်ကြိမ် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - မန္တလေး - ခန္တီး - မန္တလေး -ရန်ကုန်ခရီးစဉ်ကို ဧပြီလ (၂၀)၊ (၂၃)၊နှင့် (၂၉)ရက်နေ့များတွင် နေ့စဉ် တစ်ကြိမ်စီ ပျံသန်းပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

ခရီးစဉ်မပျံသန်းသည့် နေ့ရက်များအတွက် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် ပျံသန်းပြေးဆွဲမည့်နေ့သို့ ပြောင်းလဲခြင်းကို ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့ပြောင်းလဲပေးမည်ဖြစ်ပြီး လက်မှတ်ဖိုး ပြန်လည်ထုတ်ယူလိုပါက အပြည့်အဝပြန်လည် ပေးဆောင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် မိမိတို့ဝယ်ယူထားသည့် လက်မှတ်အရောင်းကိုယ်စားလှယ်များထံ ဆက်သွယ်ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air Than Lwin၊ Golden Myanmar နှင့် မန်းရတနာပုံလေကြောင်းလိုင်းများက ဧပြီလ (၃၀)ရက်နေ့အထိ ပြည်တွင်းခရီးစဉ်များ ပျံသန်းခြင်းကို ယာယီရပ်နားထားကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~