သီတဂူဆရာတော်မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတည်သော COVID 19 ရန်ပုံငွေသို့ ဒေါ်လာ (၁၀,၀၀၀)ထည့်ဝင် လှူဒါန်းသည့်အပြင် မန္တလေးကတ်သလစ်ဂိုဏ်းချုပ်သာသနာသို့ စားနပ်ရိက္ခာများ လှူဒါန်း

သီတဂူဆရာတော်မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတည်သော COVID 19 ရန်ပုံငွေသို့ ဒေါ်လာ (၁၀,၀၀၀)ထည့်ဝင် လှူဒါန်းသည့်အပြင် မန္တလေးကတ်သလစ်ဂိုဏ်းချုပ်သာသနာသို့ စားနပ်ရိက္ခာများ လှူဒါန်း
ဧပြီ 17, 2020
By Tachileik News Agency
သီတဂူဆရာတော်မှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတည်သော COVID 19 ရန်ပုံငွေသို့  ဒေါ်လာ (၁၀,၀၀၀)ထည့်ဝင် လှူဒါန်းသည့်အပြင် မန္တလေးကတ်သလစ်ဂိုဏ်းချုပ်သာသနာသို့ စားနပ်ရိက္ခာများ လှူဒါန်း

သီတဂူဆရာတော်ကြီးက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတည်ထားသော COVID 19 ရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာ (၁၀,၀၀၀) ထည့်ဝင်လှူဒါန်းခဲ့ပြီး မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာသို့လည်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့က စားနပ်ရိက္ခာလှူဒါန်းပေးကြောင်း သိရသည်။

COVID 19 ကာကွယ်ရေး အပြင်မထွက်ရသည့်ကာလအတွက် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာ ရွှေနှလုံးတော် ကက်သီဒြယ် ကက်သလစ် ဘုရားကျောင်းတော်သို့ သီတဂူဆရာတော်ကြီးက ဆန် အိတ်(၁၀၀)၊ ဆီ (၁၀၀) ပိသာ၊ ပဲ (၅) အိတ်၊ ကြက်သွန်နီ(၂) အိတ်၊ ပြုတ်စားပဲ (၁) အိတ်၊ ဆား (၅၀) ပိသာတို့ကို ထောက်ပံ့ပေးသည့် အပြင် အီတလီနိုင်ငံ ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးတည်ထောင် မတည်ခဲ့သော COVID 19 ရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ (၁၀၀၀၀)အား မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်ကြီး မာကုဉီးတင်ဝင်းမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်နှင့် မန္တလေးကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး မာ့ခ်တင်ဝင်းတို့သည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကာလတွင် ကူညီရေးလုပ်ငန်းများကို လက်တွဲလုပ်ဆောင်ခဲ့သည့်အပြင် ဗာတီကန်မှ ပေးသော အကူအညီများသည်လည်း ဧရာဝတီတိုင်းဒေသကြီးအတွက် အထောက်အကူဖြစ်ခဲ့ကြောင်း သီတဂူဆရာတော်က မိန့်ကြားသည်။

ကပ်ရောဂါဘေး အခြေအနေတွင် ဘာသာတရားမခွဲခြားဘဲ ကရုဏာရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းလုပ်ဆောင်ကြရန်ကိုလည်း သီတဂူဆရာတော်ကြီးက တိုက်တွန်းမိန့်ကြားသွားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - သီတဂူကျော်ဆန်းဝင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~