ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် မီးခိုးမြူငွေ့များကြောင့် လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖြန်းမှုများ စတင်

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် မီးခိုးမြူငွေ့များကြောင့် လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖြန်းမှုများ စတင်
မတ် 11, 2020
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် မီးခိုးမြူငွေ့များကြောင့် လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖြန်းမှုများစတင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းတွင် မီးခိုးမြူများ ဖုံးလွှမ်းနေမှုကြောင့် မီးခိုးငွေ့လျော့ပါးရေးအတွက် လေထုအတွင်း ရေမှုန်ရေမွှား ပက်ဖြန်းမှုများကို ၂၀၂၀ ခုနှစ် မတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်နေကြောင်း သိရသည်။

မယ်ဆိုင် မီးသတ်က ရေဖြန်းပေးနေတယ်။ မီးသတ်ကား အကြီး (၃) စီး၊ အသေး (၁) စီးနဲ့ ရေဖြန်းစက် (၁) စီးနဲ့ တံတားထိပ်ကနေ ရဲစခန်းအထိဖြန်းတာတွေ့တယ်။ နောက်ထပ် မယ်ဆိုင်မြို့နယ်ရုံးရှေ့ သွားဖြန်းမလားတော့မသိ မသေချာဘူး။ အဲဒီအထိ လိုက်မကြည့်တော့ဘူး။ မီးခိုးပေါ်မူတည်ပြီး လုပ်မယ်ထင်တယ်

ဟု မယ်ဆိုင်မြို့တွင် နေထိုင်သည့် ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ ခုနှစ် မတ်လ (၁၁) ရက် နံနက်ပိုင်း တိုင်းတာချက်များအရ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် လေထုအရည်အသွေး အညွှန်းကိန်း(AQI) မှာ (၃၀ဝ) ကျော်နေပြီး WHO မှ သတ်မှတ်ထားသည့် ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် နီညိုရောင် အဆင့်ကိုရောက်ရှိနေသဖြင့် လေထုအတွင်း ရေမှုန်ရေမွှား ဖြန်းပက်မှုများလုပ်ဆောင်နေခြင်းဖြစ်သည်။ 

တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးမှ မတ်လ (၁၁) ရက် နံနက်ပိုင်းက ထုတ်ပြန်သည့် လေထုအရည်အသွေး အညွှန်းကိန်းအရ PM-10 ပါဝင်မှု (၂၂)၊ ကာဗွန်မိုနောက်ဆိုက်(CO) ပါဝင်မှုမှာ (၁)၊ ဆာလဖာဒိုင်အောက်ဆိုဒ်(SO2) ပါဝင်မှုမှာ (၅၀) နှင့် နိုထရိုဂျင်ဒိုင်အောက်ဆိုဒ်(NO2) ပါဝင်မှုမှာ (၈) ရှိနေပြီး အားလုံးမှာ ကျန်းမာရေးအတွက် ကောင်းမွန်သည့် အစိမ်းရောင် အဆင့်တွင်သာ ရှိနေကြောင်း ထုတ်ပြန်ထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဉီးထွန်း(မယ်ဆိုင်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~